October 30, 2024

MT News

Written by Nay Moe

လက်နက်ကိုင် AA နှင့် KIA အဖွဲ့ဝင်အများစုပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးကို SAC က လွတ်ငြိမ်းခွင့် ထပ်မံပေးအပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာသည်။

၁၀၂ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် EAOs အဖွဲ့ဝင် ၄၁ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြစ် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ပြစ်ဒဏ်လွတ်​ငြိမ်းခွင့်ရသူ ၄၁ ဦးတွင် AA မှ ၁၇ ဦး၊ KIA မှ ၁၇ ဦး၊ RCSS/SSA အဖွဲ့ဝင် ငါးဦးနှင့် KNU/KNLA အဖွဲ့ဝင် ငါးဦး ပါဝင်ခဲ့သည်။

ထို့အတူ AA အဖွဲ့ဝင်တစ်ဦးနှင့် KIA အဖွဲ့ဝင်သုံးဦးကိုလည်း တရားရုံးများတွင် စွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *