October 19, 2024

၁၃. ၁၁. ၂၀၂၃
Written By Thandar

အလှမယ်လောကထဲကတစ်ဆင့် MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ တောင်ကြီးသူလေး သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို တောင်ကြီးမြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။

ပရိသတ်တွေကို အမြဲ Surprise တိုက်ခဲ့ကြတဲ့လတ်တလော အနုပညာရှင်တွေအားလုံးထဲက ပရိသတ် အချစ်တော် နန်းနန်းကတော့ နိုဝင်ဘာ ၁၁ ရက်နေ့ မှာ တောင်ကြီးမြို့ Taunggyi Hotel မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ရှမ်းရိုးရာ ဝတ်စုံနဲ့ နံနက်ပိုင်းကျင်းပခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-13_10-00-38.jpg

ညနေပိုင်း မင်္ဂလာ Dinner ပွဲကိုလည်း တောင်ကြီးမြို့မှာပဲ ချစ်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အနုပညာရှင်တွေ တချို့ တက်ရောက်ခဲ့ကြပါတယ်။

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်ကို နောက်ဆုံးမှ Surprise တိုက်ခဲ့ပေမယ့် မင်္ဂလာပွဲကို ပထမဦးဆုံး ကျင်းပလိုက်တာပဲဖြစ်ပါတယ်။

သူမကတော့ နာမည်ကြီးအဆိုတော် စိုင်းဟန်ထွန်း(ခ) ဟန်ထွန်းရဲ့ တူမတော်စပ်သူလည်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *