October 11, 2024

၁၁. ၁၁. ၂၀၂၃
Written by MMAK

ဒီတစ်ပတ်ပြီးရင် နိုင်ငံပွဲတွေ ကြည့်ရတော့မှာမို့လို့ ကလပ်အသင်းတွေရဲ့ ပွဲစဥ်တွေခဏတာရပ်သွားဦးမှာပါ။ MT News ရဲ့ ခန့်မှန်းပွဲစဥ်တွေဟာ အမြဲတမ်းလိုလို ၇၀ ရာခိုင်နှုန်းလောက်မှန်ကန်နေတာမို့လို့ ဒီစနေညမှာလည်း ရာနှုန်းပြည့်မှန်နိုင်မဲ့ပွဲစဥ်တွေ ခန့်မှန်းရှာဖွေရင်းနဲ့ အားလုံးလည်း အကျိုးအမြတ်များပါစေ ဆုတောင်းပေးလိုက်ရပါတယ်။

ဝုဗ် Vs စပါး

စပါးအသင်း အဓိက ကစားသမားတွေ ဒဏ်ရာရနေတာနဲ့ ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ပေါက်ကြေး အနည်းငယ် ပျော့နေပါတယ်။ သို့ပေမဲ့ နည်းပြကြီး ပိုစတီဂလူနဲ့ စပါးအသင်းကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်မှု ကြိုးစားမှုတွေကိုတော့ မြင်တွေ့ရဖို့ရှိပါတယ်။ တိုက်စစ် ကစားပုံကောင်းပြီး အိမ်ကွင်းကောင်းတဲ့ ဝုဗ်အသင်း နည်းပြအပြောင်းအလဲနဲ့အတူ ခြေစွမ်းမညံ့တာကို တွေ့ရပါတယ်။ ဘော်ဒီကြေးပါးနေပေမဲ့ ဂိုးပေါင်းကြေး ပြင်းနေတာကြောင့် ဒီလိုပွဲမျိုးရဲ့ ပေါက်ကြေးဖော်လိုအရ ဂိုးပေါ် သွားမဲ့ပုံစံမျိုးပါ။ တစ်ဖက်တစ်ဂိုးစီ သေချာပေါက်ရမဲ့ ပွဲမှာ နောက်တစ်ဂိုး ဘယ်အသင်းသွင်းမလဲ စောင့်ကြည့်ရုံပါ။ ဒီတော့ ဂိုးပေါ် တစ်ကြောင်းတည်းကို ရွေးချယ်ထားချင်ပါတယ်။

အာဆင်နယ် Vs ဘန်လေ

အာဆင်နယ်အသင်း အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် အိမ်ကွင်းပွဲဖြစ်တာရယ် ဘန်လေအသင်း ခံစစ်ညံ့လွန်းတာရယ်ကြောင့် နှစ်လုံးသွင်းမှ ပြားနှစ်ဆယ်သာ စားရမဲ့ ကြေးတန်းပေးထားပါတယ်။ ပြိုင်ပွဲစုံ ငါးပွဲ ဆက်တိုက်ရှုံးခဲ့သလို သွင်းဂိုးတွေ အများကြီးခွင့်ပြုထားတဲ့ ဘန်လေအသင်း ခံစစ် တော်တော်လေး ညံ့ပါတယ်။ အာဆင်နယ် နိုင်မယ်။ ဂိုးပြတ်သွင်းမှာလားဆိုတဲ့ အချက်ကိုဘဲ ကြည့်ရပါမယ်။ အဝေးကွင်းမှာ ဘန်လေအသင်း ဂိုးရဖို့မလွယ်သလို ခံစစ်ပိတ်ကစားရုံဘဲ ရှိပါတယ်။ ဘန်လေအသင်း ဂိုးမရနိုင်သလို အာဆင်နယ်အသင်း အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် နိုင်ခဲ့ရင်တောင် ဂိုးပြတ်ကြီးမသွင်းနိုင်ဘူးလို့ ယူဆပါတယ်။ သုံးဂိုးသွင်းတောင် မရှုံးသေးတဲ့ ဂိုးပေါင်းအောက် တစ်ခုတည်းကိုဘဲ ရွေးချယ်ထားပါမယ်။

ခရစ္စတယ်ပဲလေ့စ် Vs အဲဗာတန်

နှစ်သင်းလုံး ခံစစ်ကောင်းကြသလို တိုက်စစ်လည်း သွင်းဂိုးတွေ သွင်းယူထားနိုင်ကြပါတယ်။ ​ဂိုးပေါင်းကြေး နှစ်လုံးသွင်းမှ နှစ်ဆယ်ဘဲ ရှုံးမဲ့ ပေါက်ကြေးပေးထားပါတယ်။ ဒီပွဲ ပြီးရင် နိုင်ငံပွဲတွေ ဝင်လာမှာကြောင့် နောက်အပတ် အမှတ်ပေးပွဲတွေ နားမှာပါ။ နှစ်သင်းလုံး ပိတ်ကစားကြမဲ့အနေအထား မရှိဘဲ အနိုင်အရှုံးပေါ်အောင် ကစားကြမဲ့ပွဲလို့ ယူဆပါတယ်။ ခံစစ်ကောင်းကြပေမဲ့ တိုက်စစ်ကလည်း သွင်းဂိုးတွေ သွင်းယူနိုင်တယ်ဆိုတဲ့ အချက်ကို ထည့်တွက်ထားချင်ပါတယ်။ ဘွတ်ကီက ဂိုးအောက်ခေါ်ထားသလို ထိုးသားအများစုလည်း ဂိုးအောက် ကြိုက်ကြမဲ့ အနေအထားပါ။ တစ်ဖက်တစ်ဂိုးစီရမယ်လို့ ထင်တာကြောင့် နှစ်ဂိုးသွင်းရင်တောင် ပြားနှစ်ဆယ်ဘဲ ရှုံးဦးမှာပါ။ ပြားနှစ်ဆယ်ရင်းပြီး ဂိုးပေါ်ကြည့်ရမဲ့ ပွဲမျိုး ဖြစ်လာနိုင်ပါတယ် ။ ဘွတ်ကီ ဂိုးအောက် ခေါ်ကြေး ဖော်လိုကနေ ထိုးထွက်ပြီး ဂိုးပေါ် ရွေးချယ်ထားချင်ပါတယ်။

မန်ယူ Vs လူတန်တောင်း

မန်ယူ အသင်း တစ်ဂိုးသွင်းရင်တောင် အပြည့်ရှုံးမယ်ဆိုတဲ့ ပေါက်ကြေးပြင်းပြင်းပေးထားပါတယ်။ လူတန်တောင်းအသင်းကို အိမ်ရှင်မန်ယူအနေနဲ့ ဒီ​ကြေးပေးထားတာ ဖြစ်သင့်ပါတယ်။ မန်ယူအသင်း နိုင်ပွဲတွေ လိုအပ်နေပါပြီ။ အမှတ်ပေးဇယား အောက်ရောက်နေတဲ့ လူတန်တောင်းအသင်း ရုန်းအားကောင်းလာတာကိုတွေ့ရပါတယ်။ လူတန်တောင်း အသင်းကို လျှော့တွက်ရင် မှားသွားနိုင်ပါတယ်။ ခံစစ်ပိတ်ပြီး တန်ပြန်ကစားလာမဲ့ လူတန်တောင်းအသင်းကို မန်ယူဂိုးပြတ်သွင်းနိုင်မှာလားဆိုတာ စဥ်းစားရပါမယ်။ ခံစစ်ညံ့တဲ့ မန်ယူ ခံစစ် လူတန်တောင်းအသင်းရဲ့ တန်ပြန်တိုက်စစ်ကိုလည်း ထိန်းရခက်မှာပါ။ လူတန်တောင်းအသင်း တစ်ဂိုးရသွားခဲ့ရင် မန်ယူအသင်း ကြေးအောင်ဖို့ တော်တော် ခက်ခဲသွားမှာပါ။ ကြေးပေါက်ပြင်းတဲ့ မန်ယူအသင်းကို ထိုးသားအများစု ပုံအောလာဖို့ရှိတဲ့အနေအထားမှာ မန်ယူအသင်း ဂိုးပြတ်မနိုင်ဘဲ နိုင်ခဲ့ရင် ကပ်ပြီးတော့ နိုင်မယ်လို့ ယူဆတဲ့အတွက် ရုန်းအားကောင်းလာတဲ့ လူတန်တောင်းအသင်းကို ဒိုင်ဘက်ကနေပြီး ရွေးချယ်ထားချင်ပါတယ်။

ဘုန်းမောက် Vs နယူးကာဆယ်

နယူးကာဆယ်အသင်း အဓိကတိုက်စစ်မှုး နှစ်ယောက် အီဆတ်နဲ့ ဝီလ်ဆင် ဒဏ်ရာရနေပါတယ်။ အဓိက ကွင်းလယ်လူ ဂွီမာရေး ပွဲပယ်ထိထားပါတယ်။ အဝေးကွင်းဆို အိမ်ကွင်းလောက် မကောင်းတာကို သတိထားရပါမယ်။ ဘုန်းမောက်အသင်း ဇယားအောက်နား ရောက်နေပေမဲ့ အိမ်ကွင်း ကစားအားကောင်းပါတယ်။ နယူးကာဆယ်အသင်း အဝေးကွင်းမကောင်းတာရယ် အဓိကလူတွေ ဒဏ်ရာရ ပွဲပယ်ထိနေတာကို တစ်ဂိုးသွင်းမှ ခြောက်ဆယ်စားရမယ်ဆိုတဲ့ ကြေးကတော့ တကယ် ပြင်းပါတယ်။ နယူးကာဆယ်အသင်းရဲ့ကစားသမား ဂေါ်ဒွန် ၊ အယ်မီရွန်တို့ရဲ့အားနဲ့ ဂိုးသွင်းနိုင်မယ်လို့ ဘွတ်ကီတွေ ယူဆထားပါတယ်။ အိမ်ရှင်ဘုန်းမောက်အသင်းလည်း ဂိုးရနိုင်ခြေရှိပါတယ်။ ဒီတော့ ဂိုးပေါ် တစ်ကြောင်းတည်းကိုပဲ အပိုင်ပွဲအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

◾ ဒမ်းစတက် Vs မိန့်စ်

ဇယားအောက်နားကနှစ်သင်း ထိပ်တိုက် တွေ့ဆုံပွဲပါ။ ပြီးခဲ့တဲ့ အပတ်မှာ မိန့်စ်အသင်း အိမ်ကွင်းမှာ လိုက်ဇစ်ကို အနိုင်ရခဲ့တာကြောင့် စိတ်ဓာတ်တက်ကြွနေသလို ကစားပုံကောင်းတာကို တွေ့ခဲ့ရပါတယ်။ ဒမ်းစတက်အသင်းလည်း ကစားပုံကောင်းပေမဲ့ ခံစစ်က သွင်းဂိုးတွေ အလွယ်တကူ ခွင့်ပြုတတ်တဲ့ အသင်းမျိုးပါ။ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး ဂိုးတွေသွင်းဖို့ အားပြိုင်ကြမဲ့ပွဲပါ။ ဂျာမန်ဘွန်ဒက်လီဂါထုံးစံအတိုင်း ဂိုးပေါ် ဦးမဲ့ပွဲမှာ ဂိုးပေါ် ကိုဘဲ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။

ဗယ်လက်ကာနို Vs ဂျီရိုနာ

ဂျီရိုနာ ဘယ်အချိန်ကျမလဲ မသိပေမဲ့ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်တို့ကို ကျော်ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အဝေးကွင်းကနေ ဘော်ဒီကြေး ပြားနှစ်ဆယ်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက ပြင်းနေပါတယ်။ လာလီဂါနဲ့မလိုက်တဲ့ ဂိုးပေါင်းကြေးဖြစ်သလို ဘော်ဒီကြေးပါးပြီး ဂိုးပေါင်းကြေးမြင့်နေရင် ဂိုးပေါ်ဝင်တတ်တဲ့ ဖော်မြူလာကွက်အရ အပြိုင်အဆိုင် ဂိုးသွင်းမဲ့ပွဲပါ။ အိမ်ရှင် ဗယ်လက်ကာနိုအသင်းလည်း တိုက်စစ်ကစားပြီး ဂိုးသွင်းနိုင်မယ်လို့ ယုံကြည့်ပါတယ်။ ဂိုးပေါ် တစ်ကွက်တည်းကိုဘဲ ရွေးချယ်ထားတာ အကောင်းဆုံးပါ။

Leave a Reply

Your email address will not be published. Required fields are marked *