October 9, 2024

◾ မကြာခင် တည်ငြိမ်သည့်အခြေအနေနှင့် လုံခြုံမှုရှိသည့် အခြေအနေကို ပြည်လည်တည်ဆောက်မည်ဟု တပ်နှင့်ရဲ မိသားစုဝင်များကို ကတိပေး

◾ ကွမ်လုံမြို့တွင် ယနေ့တိုက်ပွဲဖြစ်ပွားနေပြီး သိန္နီမြို့ကို ပြန်လည်လွှမ်းမိုးနိုင်ဟု ဆို

၁၀. ၁၁. ၂၀၂၃

Written by Zaw Moe

ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း တပ်မတော်အနေဖြင့် အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ဝါဒဖြန့်မှုများအပေါ် မစိုးရိမ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ ပြောလိုတာက မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးတွက် လုပ်ဆောင်နေပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်။ ဆက်လက်လည်း ကျွန်တော်တို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီကောလာဟလတွေ ဝါဒဖြန့်ခြိမ်းခြောက်မှုတွေ ပတ်သက်လာပြီးတော့ နားမယာင်ဖို့ မကြောက်ရွံ့ဖို့ ပြီးရင် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 370334520_635718048734266_1421573604209651756_n-1024x768.jpg

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအခြေအနေများမှာ ယနေ့တွင် ကွမ်လုံမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကွမ်လုံဗျူဟာနှင့်ကွပ်ကဲမှုအောက်ရှိ တပ်များအနေဖြင့် ရက်သတ္တပတ်တိတိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်နေကြောင်း၊ TNLA ဝင်ရောက်သွားသည့် သိန္နီမြို့ကိုလည်း ပြန်လည်လွှမ်းမိုးမှု ရရှိပြီဖြစ်သည့်အပြင် လားရှိုးမြို့အနီး ကွက်ခိုင်တစ်ဝိုက်မှာရှိသည့် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များကိုလည်း ရှင်းလင်း‌ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်လွှတ်ခဲ့ရသည့် ချင်းရွှေဟော်နှင့် မွန်ဂိုးတို့ကိုလည်း ပြန်လည်လုံခြုံမှုတည်ဆောက်နိုင်‌ရေး ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

PDF နှင့် KIA တို့ ပူးပေါင်းပြီး KIA အဖွဲ့မှ စစ်ကိုင်းတိုင်းအတွင်း တိုက်ဖော်နေခြင်းကြောင့် ယနေ့တွင် ထီးချိုင့်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ထီးချိုင့်၊ ကသာ၊ ကောလင်း စသည့် စစ်ကိုင်းတိုင်း၏ အစိတ်အပိုင်းတစ်ခုမှာသာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ်ပွားနေသည့်အခြေနေသည် ကိုးကန့်ဒေသ၏ အစိတ်အပိုင်းတစ်ခုစာသာရှိသော်လည်း တစ်ဖက်ရန်သူများက ကောလာဟလများဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ နယ်မြေတစ်ခုလုံးကို သိမ်းထားနိုင်သကဲ့သို့ ဝါဒဖြန့်ချိနေမှုများရှိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 399134849_635718118734259_1614514316708235261_n-1024x768.jpg

“ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မှာ တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုဝင်များအားလုံးကို တပ်မတော်အကြီးအကဲများအနေနဲ့ အမြဲအထူးဂရုပြုလျက်ရှိပါတယ်။ အမြဲတမ်းအားပေးလျက်ရှိပါတယ်။ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်မှုတွေကိုလည်း အမြဲတမ်းအသိအမှတ်ပြုလျက်ရှိတယ် မကြာခင်မှာပဲ တည်ငြိမ်တဲ့အခြေအနေ လုံခြုံမှုရှိတဲ့ အခြေအနေကို ပြန်လည်တည်ဆောက်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပုံစာ။ NUG သိမ်းယူထားသည်ဆိုကာ စဥ်ဆက်မပြတ်ထုတ်ပြန်နေမှုများ တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *