MT News
ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ချန်ပီယံဖြစ်နိုင်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ်က ခန့်မှန်းလိုက်သည်။
အောက်စဖို့ဒ်တက္ကသိုလ် သင်္ချာသုတေသီ Joshu Bull က သင်္ချာတွက်နည်းနှင့်ခန့်မှန်းထားသည့်ခန့်မှန်းချက်တွင် ဗိုလ်လုပွဲ၌ ဘရာဇီးလ်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ တွေ့ဆုံရမည်ဖြစ်ပြီး ဘရာဇီးလ်က နိုင်ချေ ၆၁ ဒဿမ ၃ ရာခိုင်နှုန်းရှိနေကြောင်း တွက်ချက်ဖော်ပြထားသည်။
အုပ်စု(G)တွင်ရောက်နေသည့် ဘရာဇီးလ်အနေဖြင့် ဆွစ်ဇာလန်၊ ဆားဘီးယားနှင့် ကင်မရွန်းတို့ကို အနိုင်ယူကာ ၁၆ သင်းအဆင့်တွင် ဥရုဂွေးနှင့်တွေ့နိုင်ပြီး ကွာတားဖိုင်နယ်တွင် စပိန်ကို ကပ်အနိုင်ရနိုင်ကြောင်း အဆိုပါသုံးသပ်ချက်တွင် ဖော်ပြထားသည်။
ဆီမီးဖိုင်နယ်တွင် ချန်ပီယံဖြစ်နိုင်ချေရှိသည်ဟု ရေပန်းစားနေသည့် အာဂျင်တီးနားကို အနိုင်ဆက်ရမည်ဖြစ်ကြောင်း သင်္ချာသုတေသီ Joshu Bull က တွက်ချက်ထားသည်။
အခြားရေပန်းစားနေသည့် ဥရောပအသင်းများဖြစ်ကြသည့် ဝေးလ်သည် အုပ်စုအဆင့်မှ ထွက်ခွာရနိုင်ဖွယ်ရှိနေပြီး အင်္ဂလန်အသင်းသည်လည်း ကွာတားဖိုင်နယ်တွင် ပြင်သစ်ကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာရနိုင်ကြောင်း တွက်ချက်ထားသည်။