October 9, 2024

Photo -Ko Ko Aung

၁၀.၁၁. ၂၀၂၃

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ ကန်ကူးတံတားထိပ်မှာ ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တိုက်မိကာ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာမြို့ခံတစ်ဦးက ဖြစ်စဥ်ကို MT News ကို ပြောပါတယ်။

ဖြစ်စဥ်အရ မိတ္ထီလာမြို့၊ မြို့မ(၄)ရပ်ကွက်နယ်မြေ၊ ဖောင်တော်ဦးဘုရားလမ်း ကန်ကူးတံတားအရှေ့ထိပ်မှာ လားရာတူမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တို့ တိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူနဲ့ နောက်မှလိုက်ပါစီးလာသူတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။

“အဲ့ဒီ့နားက အကွေ့လေး။ ခရီးသည်တင်ကားက ကွေ့လိုက်တာမှာ ရှေ့ကမောင်းနေတဲ့ ဆိုင်ကယ်ကို နောက်ကနေ တိုက်တာ။ ဆိုင်ကယ်နောက်ကစီးလာတဲ့ အမျိုးသမီးက ကားအောက်ကနေ ဆွဲထုတ်ရတယ်။ အသက်တော့မသေသေး​ပေမဲ့ အခြေအနေက ဒဏ်ရာပြင်းထန်ပါတယ်” လို့ မိတ္ထီလာမြို့ခံဖြစ်သူက မျက်မြင်တွေ့ရှိရတဲ့ အခြေ အနေကို MT News ကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို မိတ္ထီလာပြည်သူဆေးရုံကြီးအရေးပေါ်ဌာနဆီ မိတ္ထီလာမြို့နယ်အခြေစိုက် ဒေသခံလူမှုကူညီရေးအသင်း သူနာတင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်လျက်ရှိ​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *