October 9, 2024

၁၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေ‌သော်လည်း ပြည်တွင်းရွှေဈေး ရက်ပိုင်းသာ ကျဆင်းမှုရှိပြီး ယနေ့တွင်လည်း တစ်ရက်အတွင်း ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၁၀,၀၀၀ သို့ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၁၀ ရက် (ယနေ့)တွင် ကမ္ဘာ့‌ရွှေဈေးနှုန်း တစ်အောင်စကို ၁၉၅၇ ဒေါ်လာသာရှိပြီး ယခုတစ်ပတ် ဈေးနှုန်းစတင်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၀ ကျဆင်းခဲ့သလို ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာ ကျပ် ၃၃၁၀ ဖြင့် အနည်းငယ်သာမြင့်တက်မှုရှိခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျပ် ၃၅ သိန်းနှင့် ၃၅ သိန်းအောက်သာဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၂၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ညနေပိုင်းမှသာ ကျပ် ၃,၅၁၀,၀၀၀ သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ထို့အတူ ကျပ် ၃၃ သိန်းသာရှိသည့် ၁၅ ပဲရည် ရွှေဈေးနှုန်းသည်လည်း တစ်ရက်အတွင်း ကျပ် ၃,၃၂၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၃,၃၁၀,၀၀၀ သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ နိုဝင်ဘာလ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၄၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၄၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၉၀ ကျပ်၊ နိုဝင်ဘာလ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၉၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *