October 9, 2024

၁၀. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသကို လုံးဝကျူးကျော်သိမ်းပိုက်မှုပြုထားရန် မရည်ရွယ်ကြောင်း၊ သို့သော်ဟားမားစ်တို့ကို နှိမ်နင်းအပြီးတွင် ဂါဇာဒေသကိုအရပ်ဘက်အစိုးရဖြင့် အုပ်ချုပ်သင့်ကြောင်း အစ္စရေးဝန်ကြီး ချုပ်နေတန်ရာဟုက နိုဝင်ဘာ ၉ ရက်တွင် Fox News နှင့်တွေ့ဆုံမေးမြန်းစဥ် ပြောကြားခဲ့သည်။

နေတန်ရာဟုက ဂါဇာကို လုံးဝကျူးကျော် သိမ်းပိုက်ထားမည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး အစ္စရေးကဂါဇာဒေသကို ပြန်လည်သိမ်းပိုက်ရန် မကြံရွယ်ကြောင်း၊သို့သော် ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု၊ အစွန်းရောက်လှုပ်ရှားမှုများ ဒေသအတွင်းကင်းဝေးကာ ပြန်လည်ထူ ထောင်ရေးကိုသာ စစ်ပွဲအပြီးဆောင်ရွက်ရန်ရည်ရွယ် ကြောင်း ပြောခဲ့သည်။

၎င်းက ၂၀၀၆ ခုနှစ်ကစ၍ ဟားမားစ်တို့ သိမ်းပိုက်အုပ်ချုပ်လာသော ဂါဇာဒေသကို အရပ်သားအစိုးရတစ်ရပ်က ပြောင်းလဲအုပ်ချုပ်စေရန်ရည်ရွယ်ကြောင်း ပြောခဲ့သည်။ သို့သော် ထိုကဲ့သို့သော အစိုးရကို မည်သည့်ပြဌာန်းချက်များနှင့်ဖွဲ့စည်းမည်ကိုမူ မပြောကြားခဲ့ပေ။

အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကို တစ်လကျော်ကြာ အဆက်မပြတ်ခံနေရသော ဂါဇာဒေသတွင် နိုဝင်ဘာ ၉ ရက်ထိ အနည်းဆုံး ပါလက်စတိုင်း ၁၀,၅၆၉ ဦး စစ်ပွဲကြောင့်သေဆုံးခဲ့ပြီဟု သိရသည်။ ၎င်းတို့တွင် ၄,၃၂၄ ဦးက ကလေးငယ်များဖြစ်ကြောင်း ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

Ref-Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *