October 10, 2024

၁၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် တို့သည် နိုဝင်ဘာ ၁၅ ရက်တွင် ကယ်လီဖိုးနီးယား၌ တွေ့ဆုံကြကာ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စများ၊ တိုင်ဝမ်အရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အရ သမ္မတရှီကျင့်ဖိန်သည် ဆန်ဖရန်စစ္စကိုမြို့သို့ တရုတ်-အမေရိကန်ထိပ်သီးဆွေးနွေးပွဲနှင့် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ(APEC) သို့ တက်ရောက်ရန်နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်ထိ သွားရောက်မည်ဟု ကြေညာခဲ့သည်။

အိမ်ဖြူတော်က သမ္မတနှစ်ဦးမှာ APEC အစည်းအဝေးနှင့်မဆိုင်သည့် ရပ်နားချိန်များတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကာ နှစ်နိုင်ငံဆက်သွယ်ရေးလိုင်းများ ပြန်လည်ထူထောင်ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါသက်ရောက်မှုရှိသည့် ဈေးကွက်ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့အတွက်လည်း ဆွေးနွေးသွားမည်ဟုကြေညာခဲ့သည်။

သမ္မတနှစ်ဦးက လွန်ခဲ့သည့်တစ်နှစ်ခန့်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင်ကျင်းပသော ဂျီ-၂၀ အစည်း အဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က ဘိုင်ဒန်က တရုတ်တိုင်ပေသို့ တရုတ်နိုင်ငံက လွှမ်းမိုးကျူးကျော်ရန် ဆောင်ရွက်မှုများရှိသည်ဟုပြောခဲ့ရာမှ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ရသည်။

Ref—- AP

Leave a Reply

Your email address will not be published. Required fields are marked *