October 10, 2024

၁၁. ၁၁. ၂၀၂၃
Written By Thandar

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ၇၂ ကြိမ်မြောက် ကျင်းပနေတဲ့ မယ်စကြာဝဠာ Miss Universe 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမရာဗိုကတော့ National Costume ကို မြန်မာ့ငွေပဒေသာပင် ဝတ်စုံနဲ့ ဝတ်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

သူမရဲ့ National Costume အနေနဲ့ မြန်မာ့ငွေပဒေသာပင်ဝတ်စုံကတော့ သာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လှူဒါန်းခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကို ချစ်စဖွယ်ပြုမူလေ့ရှိကြပါတယ်။ အဲဒီထဲမှာမှ ကထိန်ကာလမှာ မိမိတို့ရဲ့ ချွေးနည်းစာနဲ့ သာသနာပြု ပုဂ္ဂိုလ်များကို ငွေပဒေသာပင်တွေ ပြုလုပ်လှူဒါန်းခြင်းဆိုတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမူ့ကို ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_15-58-11-731x1024.jpg

ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားဝတ်စုံကိုတော့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ငွေပဒေသာ လှူဒါန်းခြင်း အသွင်ကို ဒီဇိုင်နာ ကိုပြည့်စုံ(Hpa-An) က ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့ အတူ အလှမယ် အမရာဗိုက ဝင်ရောက်ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာကိုယ်စားပြု အလှမယ် အမရာဗိုလ်ရဲ့ National Costume ကို People’s Choice စာရင်းကို တက်လှမ်းနိုင်ဖို့အတွက်လည်း ဝိုင်းဝန်းပြီး အားပေးကြရမှာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_15-58-08-731x1024.jpg

သူမကတော့ Miss Universe 2023 အလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာပြည်အတွက် အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေလျှက်ရှိ ပါတယ်။

Miss Universe 2023 ပြိုင်ပွဲကြီးရဲ့ Preliminary and Final Competition တွေကို အရင်နှစ်တွေလို Youtube က အခမဲ့ကြည့်ရှုနိုင်မှာ မဟုတ်ဘဲ Online Payment နဲ့ဝယ်ယူပြီးမှသာ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *