October 9, 2024

၁၀. ၁၁. ၂၀၂၃

Written by Min Mahar

ချမ်းအေးသာစံမြို့နယ်တွင် ယနေ့မနက်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံးတွေ့ရှိခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့( နိုဝင်ဘာ ၁၀ ရက်)မနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ တောင်ဘက်(ကိုက် ၁၀၀ ခန့်)တွင် မပေါက်ကွဲသေးသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား ရပ်ကွက်ရုံး၌ ကင်းတာဝန်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက စတင်တွေ့ရှိကာ သက်ဆိုင်ရာသို့သတင်းပို့ပြီးနောက် လာရောက်စစ်ဆေးခဲ့ရာ အလျား ၃ လက်မခန့်၊ လုံးပတ် ၂ လက်မ၊ သံကိုယ်ထည်ဖြင့်ပြုလုပ်ထားပြီး မီးရှို့စနက်တံထည့်ထားသည့် လက်လုပ်ဗုံးတစ်လုံးအားတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မနက် ၈ နာရီခန့်တွင် ၎င်းတွေ့ရှိသည့်နေရာ၌ပင် ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲဖျက်ဆီးခဲ့ရာတွင် လူနှင့် အဆောက်အဦတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *