October 10, 2024

၁၁. ၁၁. ၂၀၂၃
Written by Pan Ei

အရင်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် စီးပွားရေးအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ Miss Universe ကို အမေရိကန်ဒေါ်လာ သန်း ၂၀ (ပေါင် ၁၆ ဒသမ ၄ သန်း) နဲ့ JKN Global Group က ဝယ်ယူခဲ့ပြီးနောက် တစ်နှစ်အကြာမှာတော့ ဒေဝါလီခံဖို့ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံး Miss ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Universe ရဲ့လက်ရှိပိုင်ရှင် ထိုင်းလိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ Anne Jakkaphong Jakrajutatip က ဦးစီးလုပ်ဆောင်နေတဲ့ JKN Global Group ဟာ ဒေဝါလီခံဖို့ လျှောက်ထားပေမဲ့ လာမယ့်သီတင်းပတ်မှာ ပြိုင်ပွဲကို ခမ်းခမ်းနားနားနဲ့ ဆက်လက်ကျင်းပသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ငွေချေးစာချုပ်တွေကနေ တစ်ဆင့် Miss Universe ကိုဝယ်ဖို့ ငွေတွေရယူခဲ့တဲ့ JKN ဟာ ချေးငွေအမေရိကန်ဒေါ်လာ ၁၂ သန်းလောက်က်ု နောက်ဆုံးထားပြီး ပြန်ဆပ်ရမယ့် စက်တင်ဘာ ၁ ရက်မှာ မဆပ်နိုင်ခဲ့ကာ ကြွေးမြီတွေကြောင့် ဒေဝါလီခံဖို့ လျှောက်လွှာတင်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_14-57-32-1024x687.jpg

JKN ရဲ့ ပိုင်ဆိုင်မှုအောက်က Miss Universe ပြိုင်ပွဲမှာ မိခင်တွေ၊ အိမ်ထောင်ရှင်အမျိုးသမီးတွေကိုပါ ဒီနှစ်ကစပြိုင်ခွင့်ပေးခဲ့ပြီး နောက်နှစ်ကစပြီးတော့လည်း အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ကျင်းပမယ့် (၇၂) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကိုတော့ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် အမရာဗိုက သွားရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *