October 10, 2024

၁၁. ၁၁. ၂၀၂၃
Written by Thettant

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဥ်ပြိုင်သူနှစ်ဦးက ဒုတိယဆုနှင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု(Man Sport Physique) အားကစားနည်းနှစ်မျိုးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်ဟု သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-11_14-26-27.jpg

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ရာ ကာယဗလအားကစားနည်း 70 kg တန်းတွင် ရဲထွန်းနောင်မှ ဒုတိယ၊ Man Sport Physique up to 175 cm တွင် ​ငြိမ်းချမ်းမှ ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု သိရပြီး ထိုသို့ရွှေတံဆိပ်များ ဆွတ်ခူးနိုင်မှုအပေါ် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဝမ်းမြောက်စွာဖြင့် ချီးကျူးဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ထားသည်။

Photo – MBPF

Leave a Reply

Your email address will not be published. Required fields are marked *