October 10, 2024

၁၁ . ၁၁. ၂၀၂၃
Written by Nay Aung

တရုတ်နှင့်မြန်မာနယ်စပ်ဒေသတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့လျက်ရှိနေရာ ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိနေကြောင်း ဒေသခံများကထုတ်ဖော်ပြောဆိုလိုက်သည်။

“အောက်တိုဘာ ၂၇ ရက်က တိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့အပြီးမှာ ကုန်ကားတွေ ဖြတ်သန်းသွားလာတာမျိုးမတွေ့ရတော့ဘူး။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမရှိတော့ဘူး။ မြို့ထဲမှာအမြှောက်သံတွေနဲ့ ပစ်ခတ်သံတွေကို ကြားနေရတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-11_14-10-47.jpg

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောသီတင်းပတ် နှစ်ပတ်ကျော်က MNDAA၊ TNLA၊ AA လက်နက်ကိုင်အဖွဲ့များသည်တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်လာခဲ့ရာဒေသခံ ၅ သောင်းနီးပါး နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

ထို့တိုက်ပွဲများကြောင့် ဒေသခံများမှာ တိုက်ပွဲ၏ သက်ရောက်မှုများကိုတွေ့ကြုံနေရကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်းလည်း လားရှိုးဒေသခံတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-11_14-11-04.jpg

“တိုက်ပွဲတွေမဖြစ်ပွားခင်က ဆန်တစ်အိတ်ကို မြန်မာကျပ်ငွေ ၁၆၀၀၀၀ သာရှိတယ်။ လက်ရှိအချိန်မှာတော့ ဆန်တစ်အိတ်က ၁၉၀၀၀၀ အထိ ပေါက်ဈေးရှိနေတယ်။ တိုက်ပွဲတွေဆက်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ရှင်သန်နေထိုင်မှုခက်ခဲဖွယ်ရှိပါတယ်” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မူဆယ်မြို့ကုန်စည်စီးဆင်းမှုရပ်တန့်သွားခဲ့ရသလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့်နယ်စပ်ချင်းထိစပ်နေသော ချင်းရွှေဟော်တွင်လည်း စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။ချင်းရွှေဟော်နှင့် မူဆယ်မြို့တို့ကို ဖြတ်သန်းပြုလုပ်သော တရုတ်နှင့်မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခုနှစ်ဧပြီလမှ စက်တင်ဘာလအတွင်း အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၃၂ ဘီလျံအထိ ရှိခဲ့ကြောင်း သိရသည်။

Ref; .channelnewsasia
ပုံစာ။ ရှမ်းမြောက်တိုက်ပွဲများကြောင့် စစ်ရှောင်နေရသောပြည်သူများမြင်ကွင်း(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *