October 30, 2024

MT News

Written by A Thaung

ပြည်ပမှ လျှပ်စစ်ကားတင်သွင်းရောင်းချရန် လာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၂၆ ခုအထိရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

လာရောက်လျောက်ထားသည့်ကုမ္ပဏီများအား စိစစ်နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေးသေးကြောင်း ၎င်းကပြောသည်။

“လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိတော့ ဘယ်ကုမ္ပဏီကိုမှ ခွင့်မပြုသေးပါဘူး” ဟု ၎င်းကပြောသည်။

ယခု နိုဝင်ဘာလအတွင်း ပြည်ပမှလျှပ်စစ်သုံးယာဉ်များတင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များအားထုတ်ပြန်ပေးထားကြောင်း ၎င်းကပြောသည်။

လျှပ်စစ်ကားတင်သွင်းရောင်းချရန်အတွက် လျှပ်စစ်ကားတင်သွင်းတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သတ်သည့်ကော်မတီမှ ကုမ္ပဏီများအား အခြေခံအချက်အလက်များတောင်းခံထားပြီး အချို့ကုမ္ပဏီများမှာ သွားရောက်ရှင်းလင်းတင်ပြမှုများပြုလုပ်ထားကြောင်း လျှပ်စစ်ကားတင်သွင်းရောင်းချမည့် ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူကပြောသည်။

“အဓိကကတော့ Charger Station တွေကို အဓိကတင်ပြရပါတယ်။ ဘယ်လိုနေရာတွေမှာထားမလဲ။ Public Area တွေမှာထားမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာတွေ တင်ပြထားပါတယ်။ တချို့ကုမ္ပဏီတွေလည်း အဲဒီလိုပဲ တင်ပြထားပါတယ်” ဟု ၎င်းကပြောသည်။

ယခုလအတွင်း လျှပ်စစ်နှင့်ပတ်သက်သည့် မည်သည့်မော်တော်ယာဉ်မဆို အခွန်သုညရာခိုင်နှုန်းသတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *