October 10, 2024

၁၁. ၁၀. ၂၀၂၃
Written By Thandar

Crime၊ Romance၊ Suspense ဇာတ်လမ်းပုံစံ “အလွန်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် HTA Naung Coffee Zayet မှာ ကျင်းပခဲ့ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားကတော့ ကျွန်တော့်ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားပါ။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်းကတော့ အသက်ပါပဲ။ ဇာတ်ညွှန်းပိုင်းကို လွန်ခဲ့တဲ့ ၆ လကျော်လောက်ထဲက ကြိုတင်ပြင်ဆင်ထားတာပါ။ ဇာတ်ကောင်တွေနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင် ရွေးချယ်ထားပါတယ်။ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းကို သဘောကျလို့ လက်ခံရိုက်ကူးကြတာပါ။ ဒီဇာတ်လမ်းကတော့ ပရိသတ်တွေမြင်တွေ့နေကျမဟုတ်တဲ့ ဇာတ်လမ်းမျိုးပါ “လို့ ဒါရိုက်တာ သီဟစိုးက MTNEWS Entertainment ကို ပြောပါတယ်။

ဇာတ်လမ်း ၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာ သီဟစိုးက ပရိသတ်တွေ မြင်တွေ့နေကျမဟုတ်တဲ့ ဇာတ်လမ်း ဇာတ်အိမ်ပုံစံမျိုးနဲ့ ကလောနယ်ဘက်မှာ သွားရောက် ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပြီး အကယ်ဒမီ မင်းဦး ၊ ဟင်နရီစန်း ၊ Willy ၊ လီလီကျော်ခိုင် ၊ ဆောင်း စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ ကျွန်တော့်ကို ပထမဦးဆုံး ခေါင်း‌ဆောင်မင်းသားတစ်ယောက်အနေနဲ့ တင်ရိုက်တာမို့ ပိုလည်း တာဝန်ကြီးပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်က ပရိသတ်မြင်နေကြမဟုတ်တဲ့ Crime ဇာတ်မို့ သဘောလည်းကြပါတယ်”လို့ သရုပ်ဆောင် ဟင်နရီစန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *