October 10, 2024

၁၁. ၁၁. ၂၀၂၃
Written by Ye Kyaw

ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်အချို့ အောက်တိုဘာ ၁၀ ရက် (ယမန်‌နေ့) ညနေပိုင်းမှစ၍ ဆီပုံမှန်အတိုင်း ရောင်းချခြင်းမရှိ‌ဘဲ ကားတစ်စီးလျှင် ကျပ် ၂၀,၀၀၀ ဖိုးသာ ရောင်းချပေး၍ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပေါ်နေသည်။

“မနေ့က ညနေပိုင်းကတည်းက မရတာ။ အစ်ကိုက မနေ့က မနက်ပိုင်းထည့်ထားလို့လေ။ ဒီနေ့ နေ့လယ်မှာ အမေ့ကို ဆေးခန်းလိုက်ပြပေးရမှာမို့ သာကေတကနေ တောက် လျှောက်လာရင်း ဆီထည့်ဖို့ကို တာမွေအထိ ဒီတစ်ကြောမှာ ဆီဆိုင်တွေမှာ အပြည့်ပဲ။ ရွှေဂုံတိုင်ရောက်မှ ဆီထည့်လို့ရတယ်။ ဒါတောာင် တန်းစီနေတဲ့ ကားတန်းအရှည်ကြီးပဲ” ဟု တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကားများဆီဝယ်ယူရန် တန်းစီရသည့်အချိန်သည် အနည်းဆုံး တစ်နာရီကျော် ကြာသော်လည်း ဆီဆိုင်အတွင်းသို့ ရောက်ရှိချိန်တွင် လိုသလောက်မရရှိဘဲ ကျပ် ၂၀,၀၀၀ ဖိုးသာ ရောင်းချပေးကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-11_13-16-32-1024x682.jpg

“အစ်ကို တန်းစီတာဆို တာမွေဈေးဟောင်းကနေ တစ်ပတ်ကြီးတန်းစီရတာ တစ်နာရီကျော်ပြီ အခုမှဆီဆိုင်နားကို ရောက်တာ။ ပြီးတော့ ဆီက ၂၀,၀၀၀ ဖိုးပဲဆိုတော့ တစ်ရက်စာတော့ ရမှာပါလေ။ မတတ်နိုင်ဘူး။ ရသလောက်ပေါ့” ဟု တာမွေအဝိုင်းအနီး အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ဆီဆိုင်တွင် အိမ်စီးကားဖြင့် လာရောက်တန်းစီနေသူတစ်ဦးက ပြောသည်။

ယနေ့သည် ရုံးပိတ်ရက် စနေနေ့ဖြစ်သော်လည်း သွားလာရေးအချက်အချာကျသည့် နေရာများနှင့် လမ်းဆုံများအနီးရှိ ဆီဆိုင်များတွင် ဆီထည့်ရန် ကားများတန်းစီနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“ဒီနေ့ဆို စနေနေ့လေ အေးဆေးကားဆွဲရမှာကို လမ်းက အရမ်းပိတ်တယ်။ ပတ်မောင်းနေရလို့ တချို့ခရီးသည်တွေ စိတ်မရှည်ဘူး။ ဒီတာမွေဘက်မှာ ပိုဆိုးတယ်။ အဲဒီဘက်ဆိုရင် မလိုက်တော့ဘူး” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-11_13-16-29-1024x682.jpg

ဓာတ်ဆီ ၉၂ ဈေးနှုန်း တစ်လီတာ ကျပ် ၂,၀၀၀ အောက်သို့ ကျဆင်းသွားသည့် အောက်တိုဘာ ၇ ရက်တွင်လည်း ဆီဆိုင်အချို့ ဆီဈေးနှုန်းမဖွင့်လှစ်ခြင်းနှင့် ဆီမရောင်းပေးတော့သဖြင့် ရောင်းပေးသည့် ဆီဆိုင်များတွင် တန်းစီဝယ်ယူခဲ့သည့် ဖြစ်စဉ်များဖြစ်ခဲ့ဖူးသည်။

နိုဝင်ဘာ ၁၁ ရက် (ယ‌နေ့)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဒီဇယ်တစ်လီတာ ၂,၁၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၃၁၅ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၀၆၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂၁၆၀ ရှိကြောင်း ပြည်တွင်းစက်ဆုံးဆီအရောင်းဆိုင်များမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *