October 9, 2024

၁၁. ၁၁. ၂၀၂၃
Written by Nay Moe

ကျေးလက်စိုက်ပျိုးရေးချေးငွေဘဏ် ကျေးရွာအုပ်စုဥက္ကဋ္ဌဦးဝင်းနိုင်ကို ပျုစောထီးခေါင်းဆောင်လို့စွပ်စွဲပြီး ပြည် PDF က ပစ်သတ်တာကြောင့် မျက်နှာပွင့်ထွက် သေဆုံးမှုဖြစ်ခဲ့ရပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာမှာ နေထိုင်တဲ့ ကျေးလက် စိုက်ပျိုးရေး ချေးငွေဘဏ် ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးဝင်းနိုင်ကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၃ နာရီခွဲခန့်မှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့) နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃တို့က ဦးဝင်းနိုင်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပြီး ပစ်ခတ်သ-တ်ဖြတ်တာကြောင့် ဦးခေါင်းနဲ့ မျက်နှာထိမှန်ပြီး ပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဦးဝင်းနိုင်ဟာ လှည်းကူးကျေးရွာအုပ်စုအတွင်း ကျေးလက်စိုက်ပျိုးရေးချေးငွေဘဏ် ဥက္ကဋ္ဌဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းက လယ်သမားတွေကို စိုက်ပျိုး‌ရေးချေးငွေရအောင်ယူပေးတာ၊ ထပ်ချေးလို့ရအောင် ကြွေးဟောင်းတွေဆပ်ခိုင်းတာကို အကြွေးတွေ အတင်းအကြပ်ဖိအားပေးဆပ်ခိုင်းတယ်၊ PDF စခန်းတွေလိုက်ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပျုစောထီးခေါင်းဆောင်သတ်မှတ်ပြီး သ-တ်ဖြတ်တယ်လို့ Bago Region PDF က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *