October 9, 2024

၁၁. ၁၁. ၂၀၂၃
Written by Nay Moe

ကယားပြည်နယ်၊ လွိုင်ကော်ကို KNDF နဲ့ PDF တွေ ဒီနေ့မနက်ကစပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ထိတွေ့တိုက်ပွဲပြင်းထန်နေသလို လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးတွေ အသုံးပြုပြီး အသွားအလာမပြုလုပ်ကြဖို့ KNDF က ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ကယားပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ” လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင် ” လမ်းမကြီးတွေရဲ့အနီးတဝိုက်မှာ ဒီနေ့ကစ လခရတပ်ဖွဲ့တွေနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အများပြည်သူ ခရီးသွားလာတာမလုပ်ဖို့၊ နေအိမ်ပြင်ပထွက် သွားလာတာ မလိုအပ်ရင် မလုပ်ဖို့၊ လုံခြုံတဲ့နေရာနေဖို့၊ စစ်ရေးသတင်းတွေ မလိုအပ်ဘဲဆိုရှယ်မီဒီယာပေါ်မနေဖို့လည်း သတိပေးထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_10-30-18.jpg

“လွိုင်ကော်ရှိပြည်သူများ ညဖက်တင်မကဘဲ နေ့ခင်းဘက်များမှာလည်း ဘယ်အပြင်ကိုမှ သွားလာခြင်း မပြုကြရန် အထူးသတိထားကြပါ။ လိုင်းပေါ် လျောက်လျောက်မတင်ပါနဲ့။ တိတ်ဆိတ်စွာနေပေးပါ။ ကျွန်တော်တို့ကို ကူညီရာ ရောက်ပါတယ်” လို့ KNDF တပ်မှူး ခူရီးဒူက သတိပေးထားပါတယ်။

လက်ရှိမှာ ကရင်နီလက်နက်ကိုင်တွေဘက်က နန်းမယ်ခုံမြို့ကို သိမ်းပိုက်ထားပြီလို့ သတင်းထုတ်ပြန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ ကနဦးသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *