October 9, 2024

၁၁. ၁၁. ၂၀၂၃
Written by Nay Moe

ရွှေဘိုခရိုင်မီးသတ်စခန်းကို PDF က ဗုံးဖြင့်ပစ်၍ လက်ထောက်မီးသတ်ဦးစီးမှုးနှင့် မီးသတ်တပ်ကြပ်ကြီးဇနီး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၄) ရပ်ကွက်ရှိ ရွှေဘိုခရိုင်မီးသတ်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးမှုအရ အဆိုပါမီးသတ်စခန်းအတွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် PDF နှစ်ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးကင်းတဲအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရှိနေသည့် 9R-9847 SINO TRUCK မီးသတ်ရေသယ်ယာဉ်၏ ရှေ့လေကာမှန်နှင့် မီးသတ်စခန်း အပေါ်ထပ်ရှိ လေကာမှန်တို့ဗုံးစထိမှန်ပျက်စီးခဲ့သည်။

ထို့ပြင် လက်ထောက်မီးသတ်ဦးစီးမှူးဖြစ်သူ ဦး….. (၃၀)နှစ်နှင့် မီးသတ်တပ်ကြပ်ကြီး၏ဇနီးဖြစ်သူ မ…..(၂၇)နှစ်တို့နှစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *