October 5, 2024

၈. ၁၁. ၂၀၂၃

Writing By Treasure

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မာနေးလ်တို့ ခြေစွမ်းပြကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂‌၃ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကာတာကလပ် အယ်လ်‌ဒူဟီအသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆော်ဒီပရိုကလပ် အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်အဖြစ် ကာတာကလပ် အယ်လ်‌ဒူဟီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လူစာရင်းမှာ အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ ရော်နယ်ဒို ပါဝင်ခြင်းမရှိဘဲ မာနေးလ်၊ အန်ဒါဆန်၊ အိုတာဗိုလ်၊ ဂါရက်၊ အလီဂန်နမ်၊ တယ်လီစတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 399457337_122125566710040280_6427579857851011524_n.jpg

ပွဲအစကတည်းက အယ်လ်နာဆာအသင်းဟာ ပြိုင်ဘက်ကို ထိုးဖောက်ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် အယ်လ်နာဆာအသင်း နောက်ခံလူအမှားကနေတစ်ဆင့် အယ်လ်‌ဒူဟီအသင်းရဲ့ ရုတ်တရက်ထိုးဖောက်မှုကို ခံခဲ့ရပြီး ကော်တင်ဟိုက ပွဲကစားချိန် ၈ မိနစ်မှာ အယ်လ်‌ဒူဟီအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ စောစောစီးစီး ‌ဦးဆောင်ဂိုးခွင့်ပြုပေးအပြီးမှာတော့ ချေပဂိုးပြန်လည်ရရှိဖို့အတွက် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၇ မိနစ်နဲ့ ၃၇ မိနစ်တွေမှာ အန်ဒါဆန်ရဲ့ အဝေးကန်ချက်တွေကနေ ချေပဂိုးနဲ့ ဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ အယ်လ်နာဆာအသင်းက ၁ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အယ်လ်နာဆာအသင်းက ပွဲကို ဆက်လက်ထိန်းချုပ်ကစားခဲ့ပြီး ပွဲကစားချိန် ၆ ၅မိနစ်မှာ အန်ဒါဆန်က တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ အယ်လ်နာဆာအသင်းက ကစားအားချခဲ့တာကြောင့် အယ်လ်‌ဒူဟီအသင်း ပြန်လည်ထိုးဖောက်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ မှာ ကော်တင်ဟိုက ဒုတိယချေပဂိုးကို ပြန်လည်သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အယ်လ်နာဆာအသင်းက ၂ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is 399410574_122125566818040280_5308747527469883966_n.jpg

၂၀၂‌၃ အာရှချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၄ပွဲကစားပြီးချိန်မှာ အယ်လ်နာဆာအသင်းဟာ ၄ ပွဲကစား ၄ ပွဲအနိုင်ရရှိပြီး ရမှတ် ၁၂ မှတ်အထိ ရရှိထားတာကြောင့် လက်ကျန်ပွဲစဉ် ၂ ပွဲ ကစားဖို့ကျန်ရှိနေသေးပေမယ့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *