October 5, 2024

၈. ၁၁ .၂၀၂၃

Written by MMAK

ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၄) က ပထမညမှာတင် ဘာစီလိုနာလိုအသင်းကို ရှက်တာဒိုးနတ်က အနိုင်ယူသွားတာမျိုးမြင်ရသလို ဒီနေ့ညမှာလည်း မန်ယူတို့ အာဆင်နယ်တို့ ရီးရဲတို့ ကြေးအောင်ပါ့မလား မှန်းရခက်တဲ့ပွဲစဥ်အများအပြားဖြစ်ပေမဲ့လည်း အားလုံးအမြတ်ထွက်၊ အပေါင်းဂလဒ်ပြအောင် သေသေချာချာလေ့လာခန့်မှန်းထားတဲ့ ပွဲကြိုသုံးသပ်ချက်တွေ အားလုံးအပေါင်းပြ အမြတ်ထွက်အောင် ဆုတောင်းရင်း ဖော်ပြလိုက်ပါတယ်။

◾နာပိုလီ Vs ယူနီယံဘာလင်

နာပိုလီအသင်း ဒီပွဲနိုင်ရင် အုပ်စု တက်ဖို့ သေချာသလောက် ရှိနေပါပြီ။ သုံးပွဲကစား တစ်မှတ်မှမရသေးတဲ့ ယူနီယံဘာလင် အုပ်စုတတိယရရင် ယူရိုပါလိဂ် ဆင်းကန်ရဖို့ အခွင့်အရေး ရှိနေသေးတယ် ဆိုပေမဲ့ နာပိုလီကွင်းမှာတော့ အမှတ်ရဖို့ အခွင့်အရေး နည်းပါတယ်။ ပိတ်ကစားပြီး တန်ပြန်တိုက်စစ်သာကစားမဲ့ အခြေအနေ ကြောင့် ယူနီယံဘာလင် ဂိုးရဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ပိတ်ကစားမဲ့ ယူနီယံကြောင့် နာပိုလီလည်း ဂိုးတွေ အများကြီးသွင်းနိုင်မယ် မထင်ပါဘူး။ အိမ်ရှင် နာပိုလီ နိုင်ခဲ့ရင် ဂိုးမပြတ်ဘူးလို့ ယူဆထားပါတယ်။ ယူနီယံဘာလင်လည်း ဂိုးရဖို့ မလွယ်သလို နာပိုလီလည်း ဂိုးတွေ အများကြီးသွင်းမဲ့ပွဲလို့ မထင်ပါဘူး။ ဒါကြောင့် နှစ်သင်းပေါင်းသွင်းဂိုး လေးဂိုး မရောက်နိုင်တဲ့ပွဲပါ။ အများဆုံး သုံးဂိုးရောက်တောင် တစ်ဝက်ပဲ ရှုံးမဲ့ အနေအထားမှာ ဂိုးပေါင်းအောက် တစ်မျိုးတည်းကိုဘဲ ရွေးချယ်ထားစေချင်ပါတယ်။

◾ ဆိုစီဒက် Vs ဘင်ဖီကာ

အဝေးကွင်းမှာတောင် ဘင်ဖီကာကို အနိုင်ယူခဲ့တဲ့ ဆိုစီဒက်အသင်း အိမ်ကွင်းပွဲမှာလည်း အနိုင်ရခဲ့ရင် အုပ်စုတက်ဖို့ သေချာသွားပါပြီ။ ပေါ်တူဂီလိဂ်မှာတော့ ဘင်ဖီကာအသင်း ခြေစွမ်းကောင်းပေမဲ့ ချန်ပီယံလိဂ်မှာ သွင်းဂိုးမရသေးသလို တစ်မှတ်မှ မရသေးပါဘူး။ ယူရိုပါလိဂ် ဆင်းကန်ရဖို့ အခွင့်အရေးအတွက် ဘင်ဖီကာ အသေ အလဲ ကန်လာနိုင်တဲ့ပွဲပါ။ ဘွတ်ကီဖော်လို ကြေးပေါက် အရ ဘင်ဖီကာဂိုးမရဘဲ ဆိုစီဒက် အနိုင်ရသွားမယ်လို့ မှန်းထားပါတယ်။ ဂိုးပေါင်းကြေးက နှစ်ဂိုးသွင်းရင် ပြားလေးဆယ် အရှုံးဖွင့်ထားပါတယ်။ ဒီပွဲဟာ မထင်မှတ်ဘဲ ဂိုးပေါ်သွားနိုင်တဲ့ပွဲပါ။ တစ်ဖက်တစ်ဂိုးစီ သွင်းနိုင်မယ်လို့ ယူဆထားပါတယ်။ ဘွတ်ကီဖော်လိုကနေ ထိုးထွက်ပြီး ဂိုးပေါ် တစ်ကြောင်းတည်းကို ရွေးချယ်ချင်ပါတယ်။

◾ ဘိုင်ယန်မြူးနစ် Vs ဂါလာတာစာရေး

အိမ်ကွင်းမှာ ဘိုင်ယန် ဘော်ဒီကြေး ခပ်ပြင်းပြင်း ပေးထားပါတယ်။ ဘိုင်ယန်တိုက်စစ် ဂိုးသွင်းသေချာသလို အိမ်ကွင်းပွဲဆို ဂိုးရသလောက် သွင်းပါတယ်။ ချန်ပီယံလဂ် ပွဲစဉ်လည်း ဖြစ်နေတော့ အသေအချာ အာရုံစိုက်ထားမှာ သေချာပါတယ်။ ဂါလာတာစာရေးအသင်း တိုက်စစ်ကောင်းပေမဲ့ ခံစစ်ညံ့ပါတယ်။ တိုက်စစ် အပြိုင်သွင်းမဲ့ပွဲလို့ ယူဆထားပါတယ်။ လေးဂိုးရောက်တာနဲ့ဂိုးပေါ် ရမဲ့ပွဲပါ ။ ဘော်ဒီကြေး ခပ်ပြင်းပြင်းပေးထားပုံကြောင့် ဘိုင်ယန်မြူးနစ် တစ်သင်းတည်းတောင် လေးဂိုးရောက်နိုင်ပါတယ်။ ဂါလာတာစာရေးရဲ့ သွင်းဂိုးတွေကိုလည်း မြင်ရဖို့ ရှိတာကြောင့် နှစ်ဖက်သွင်းဂိုးတွေကို ရေတွက်ထားတာ ပိုကောင်းတဲ့ပွဲပါ။ ဒီတော့ ဂိုးပေါ် တစ်ကြောင်းတည်းကိုဘဲ အပိုင်ရွေးချယ်စေချင်ပါတယ်။

◾ ကိုပင်ဟေဂင် Vs မန်ယူ

အုပ်စုဒုတိယနေရာအတွက် အပြိုင်သုံးသင်းရှိနေပါတယ်။ တစ်မှတ်သာရထားသေးပေမဲ့ ကိုပင်ဟေဂင်မှာလည်း မျှော်လင့်ချက် ရှိနေသေးတာပါ။ အဝေးကွင်း မန်ယူအသင်း တိုက်စစ် အချိတ်အဆက် မမိတာကြောင့် သွင်းဂိုးတွေရဖို့ တော်တော်ရုန်းကန်နေရပါတယ်။ အဝေးကွင်းမှာ မန်ယူအသင်း တစ်ဂိုးကို ပြား ငါးဆယ်စား ပေးထားပါတယ်။ အဝေးကွင်းကနေ မန်ယူအသင်း နှစ်ဂိုးပြတ်ဖို့ မလွယ်ပါဘူး။ မန်ယူအသင်း အခုရာသီ အဝေးကွင်း နှစ်ဂိုးပြတ်နိုင်တဲ့ပွဲကို မရှိသေးတာပါ။ ကိုပင်ဟေဂင်ရဲ့ အိမ်ကွင်းရုန်းအားကို ထည့်တွက်ထားပြီး အိမ်ရှင် ကိုပင်ဟေဂင် တစ်ဂိုး သွင်းနိုင်မယ်လို့ ယူဆထားပါတယ်။

အိမ်ရှင်သာ တစ်ဂိုးသွင်းခဲ့ရင် မန်ယူအသင်း ကြေးအောင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန် သွားရမှာပါ။ အဝေးကွင်း ကနေ မန်ယူအသင်း နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်ကူတာကြောင့် တစ်ဂိုးသွင်းရင်တောင် ပြားငါးဆယ်ပဲ ရှုံးမဲ့ အိမ်ရှင် ကိုပင်ဟေဂင်ကို ကြိုက်ပါတယ်။

◾အာဆင်နယ် Vs ဆီဗီလား

အာဆင်နယ်အသင်း ဒီပွဲနိုင်ရင် အုပ်စုတက်ပါပြီ။ ပေးထားတဲ့ကြေးတန်းအရ အာဆင်နယ် နိုင်မဲ့ကြေးမျိုးပါ။ သို့ပေမဲ့ အာဆင်နယ် နှစ်ဂိုးပြတ်နိုင်မှ ကြေးစားရမှာဖြစ်တဲ့အတွက် အာဆင်နယ် နှစ်ဂိုးပြတ်နိုင်ပါ့မလား ဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားရပါမယ်။ ဆီဗီလားအသင်း ခြေစွမ်းမှန်းဆရခက်ပါတယ်။ မထင်ရင် မထင်သလို ရလဒ်မျိုး ထွက်တဲ့အသင်းပါ။ ဆီဗီလား ရှုံးခဲ့ရင် ယူရိုပါလိဂ် ဆင်းကန်ရမဲ့ တတိယနေရာတောင် မျှော်လင့်ချက် တော်တော်နည်းသွားမှာ ဖြစ်တဲ့အတွက် သွင်းဂိုးရဖို့ ရုန်းကန်လာနိုင်တာကို သတိချပ်စေချင်ပါတယ်။

အာဆင်နယ်အသင်း နိုင်ခဲ့ရင်တောင် ကပ်နိုင်မဲ့ပွဲလို့ ယူဆထားပါတယ်။ အာဆင်နယ် အသင်းကို လူကြိုက်များလာနိုင်တဲ့ အခြေအနေမှာ နှစ်ဂိုးပြတ် မရှုံးနိုင်တဲ့ အဝေးကွင်းဆီဗီလားကို ထိုင်ပြီး ဒိုင်နဲ့ဘွတ်ကီတွေဘက်က နေချင်ပါတယ် ။

◾ PSV Vs လန်းစ်

နယ်သာလန်လိဂ်မှာ ဂိုးသွင်းကြမ်းတဲ့ PSV အသင်း အိမ်ကွင်းမှာ တစ်ဂိုးကို ပြားငါးဆယ်စားလောက် ကြေး ဖောက်ထားပါတယ်။ ပြင်သစ်ကလပ် လန်းစ် အသင်း နောက်ဆုံးငါးပွဲမှာ လေးပွဲ ဂိုးအောက်ကစားထားပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးသွင်းမှ ပြားငါးဆယ်လောက်စားရမယ်ဆိုတဲ့ ကြေးမျိုး ဖွင့်ထားပါတယ်။ PSV အသင်း အိမ်ကွင်းဖြစ်နေတဲ့အပြင် တိုက်စစ် ဂိုးသွင်းအား ကောင်းပါတယ်။ အမှတ်လိုအပ်ချက် ကြီးမားတာကြောင့် PSV အသင်း အနိုင်ရဖို့ အသေအလဲ ကြိုးစားလာမဲ့ပွဲပါ။ ဖွင့်ထားတဲ့ ကြေးတန်းအရလည်း PSV အသင်း အနိုင်သေချာနေတဲ့ ကြေးတန်းပါ။ ဒီည အပိုင်ဆုံး ပွဲအဖြစ် PSV ဘော်ဒီကို ရွေးချယ်ပေးလိုက်ပါတယ်။

◾ ရီးရဲမက်ဒရစ် Vs ဘရာဂါ

ပေါ်တူဂီကလပ် ဘရာဂါအသင်း အရမ်းညံ့လွန်းတဲ့ အထဲမှာ မပါပါဘူး။ ရီးရဲမက်ဒရစ် နှစ်လုံးသွင်းမှ ပြား နှစ်ဆယ်လောက်စားရပြီး ဂိုးပေါင်းကြေး လေးဂိုး အပြည့်စားဆိုတဲ့ ကြေးတန်းမှာ ရီးရဲမက်ဒရစ် အမှန်အကန် ကန်မဲ့ ကြေးလို့ ယူဆထားရပါမယ်။ အမှတ်ပေးပွဲ ဗယ်လက်ကာနိုနဲ့ပွဲမှာ ကြေးကျထားခဲ့တာ ဒီပွဲ ကြေးအောင်ဖို့ ဖြစ်တယ်လို့ ထင်ပါတယ်။ ဘရာဂါအသင်း မညံ့တာမှန်ပေမဲ့ ရီးရဲမက်ဒရစ်ကွင်းမှာ ရီးရဲသာ တစ်ကယ်ကန်ရင် သုံးဂိုး အသာလေး ပြတ်ပါတယ်။ ချန်ပီယံလိဂ် ဖြစ်နေတာရယ် ဘွတ်ကီတွေ ယူဆထားတဲ့ ကြေးအရဆို ရီးရဲမက်ဒရစ် ကြေးအောင်မဲ့ အနေအထားမျိုးကြောင့် ချန်ပီယံလိဂ် မာစတာကြီးအိမ်ကွင်းမှာ ဂိုးပြတ်သွင်းမဲ့ ပွဲ ဖြစ်လာမှာပါ။ အိမ်ရှင် ရီရဲမက်ဒရစ်ရဲ့ သွင်းဂိုးတွေကို အတူတူ ထိုင်ရေကြတာပေါ့။

◾ ဆဲလ်ဘတ် Vs အင်တာမီလန်

အဝေးကွင်း အင်တာမီလန်အသင်းရဲ့ ကြေးက သံသယ ဖြစ်စရာ အနေအထားမှာ ရှိနေပါတယ်။ ဘော်ဒီတစ်ဂိုးသွင်း ပြားစားရမယ်။ ဂိုးပေါင်း သုံးဂိုးသွင်းရင် ကြေးအပြည့်နီးပါး စားရမယ်ဆိုတဲ့ ကြေးမှာ ဘော်ဒီပေးရင် ဂိုးပေါင်းထိန်းမယ်။ ဂိုးပေါင်းပေးရင် ဘော်ဒီထိန်းမယ်ဆိုတဲ့ အကွက်ပါ။ အဝေးကွင်း အင်တာမီလန် သရေကျလို့ ရသလို ကပ်နိုင်လို့လည်း ရပါတယ်။ ဂိုးပေါင်းကြေးတန်းအရ အိမ်ရှင် ဆဲလ်ဘတ်အသင်း အင်တာမီလန် ခံစစ်ကို မကျော်နိုင်ဘူး ဂိုးမရနိုင်ဘူးလို့ ယူဆပါတယ်။ ဆဲလ်ဘတ် ဂိုးမရတော့ဘူးဆို အင်တာမီလန်တစ်သင်းထဲ အဝေးကွင်းမှာ သုံးဂိုးသွင်းဖို့လည်း ကြိုးစားလာမှာ မဟုတ်ပါဘူး။ ဒီတော့ အင်တာမီလန်အသင်း ကပ်နိုင်မယ်။ ဂိုးပေါင်း မအောင်ဘူးဆိုတဲ့ အခြေအနေပါ။ ဒီတော့ ဂိုးအောက် တစ်ကွက်ကို ရဲရဲကြီး နေလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *