October 5, 2024

၈. ၁၁. ၂၀၂၃

Writing By Treasure

လက်ရှိ ယှဉ်ပြိုင်ကစားနေတဲ့ ၂၀၂၃/၂၄ AFC Cup ပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ရလဒ်ဆိုးဝါးမှုကြောင့် အသင်းကို အားပေးနေတဲ့ ပရိသတ်ကို အားနာမိတယ်လို့ ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် ဦးဟန်ဝင်းအောင်က နိုဝင်ဘာ ၈ ရက်မှာ ရန်ကုန်မြို့ သု၀ဏ္ဏအားကစားကွင်းမှာပြုလုပ်ခဲ့တဲ့ AFC Cup ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အသင်းရလဒ် ဆိုးတဲ့အတွက် ပရိသတ်ကို အားနာပါတယ်။ ကြိုးစားပြင်ဆင်နေတဲ့အကြောင်း ပြောချင်ပါတယ်။ ဆီဘူးအသင်းလည်း ကောင်းတာပဲ။ ဒါပေမဲ့ ကျွန်‌‌တော်တို့နဲ့ ခြေစွမ်းကွာဟမှုနည်းတယ်။ သူတို့မြေမှာ ကစားတုန်းကလည်း သူတင် ကိုယ်တင်ပါပဲ။ ကိုယ့်အိမ်ကွင်းမှာကစားရတဲ့ပွဲဆိုတော့ အားပိုရှိတာပေါ့။ အနိုင်ရအောင် ကစားသွားမှာပါ။ အရင်ပွဲထက် အများကြီး ပို ပြင်ဆင်ထားပါတယ်”လို့ နည်းပြချုပ် ဦးဟန်ဝင်းအောင်က ပြောပါတယ်။

This image has an empty alt attribute; its file name is 398393572_122125595612040280_7125734087133900840_n.jpg

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ပြည်တွင်းလိဂ်ပွဲစဉ်မှာ ရှုံးပွဲမရှိစံချိန်ကောင်းတွေ ရရှိထားပေမယ့် AFC Cup မှာ ရလဒ်ဆိုးဝါး‌နေတာနဲ့ ပက်သက်ပြီး ပြည်တွင်းပွဲတွေနဲ့ ဘာကွာသလဲ ဆိုရင် ပြိုင်ဘက်ကွာတာ၊ နောက်တစ်ချက်က နိုင်ငံခြားသား ကစားသမား အရေအတွက်ကွာတာ၊ တခြားနိုင်ငံတွေမှာ ၅ + ၁ စနစ်ဖြစ်နေပြီး မသုံးဘူးဆို ၅ ယောက် အနည်းဆုံးပါတာ၊ ဖနွမ်ပင်ခယောင်းဆိုရင် ၆ ယောက်အပြည့်သုံးတာ စတာတွေ ကွာခြားပါတယ်လို့ ဦးဟန်ဝင်းအောင်က ဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၃/၂၄ AFC Cup ပြိုင်ပွဲရဲ့ ပထမအကျော့ပွဲ အားလုံးကစားပြီးချိန်မှာ ၃ ပွဲစလုံးရှုံးနိမ့်ထားပြီး ရမှတ်မရရှိသေးတာကြောင့် အုပ်စုအဆင့်ကနေ တက်လှမ်းဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး။ ဒါပေမယ့် နိုဝင်ဘာလ ၉ရက်နေ့မှာ AFC Cup ဒုတိယအကျော့ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနဲ့ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဥ်မှာ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဂုဏ်သိက္ခာပိုင်းအရတော့ ပထမအကျော့က ရှုံးကြွေးကို ပြန်လည်ချေဖျက်ဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *