October 6, 2024

၉. ၁၁. ၂၀၂၃

Written by MMAK

◾နာပိုလီ 1-1 ယူနီယံဘာလင်

– ပိုလီတာနို 39′

– ဖိုဖာနာ 52′

◾ ဆိုစီဒက် 3-1 ဘင်ဖီကာ

-မီရာနို 6′

အိုဇာဘယ် 11′

ဘာရန်တက်စ်ရှာ 21′

– ဆေးဗား 49′

◾ ဘိုင်ယန်မြူးနစ် 2-1 ဂါလာတာစာရေး

– ဟာရီကိန်း 80’/86′

-ဘာကမ်ဘူ 90+3′

◾ ကိုပင်ဟေဂင် 4-3 မန်ယူ

– အယ်ယွန်စီ 45′

ဂွန်ကယ်ဗက် 45+9′(Pen)

လီရာဂျာ 83′

ဘတ်ဂီဂျီ 87′

– ဟွိုင်လန်း 3’/28′

ဖာနန်ဒက်စ် 69′ (Pen)

◾ အာဆင်နယ် 2-0 ဆီဗီလား

– ထရောဆက် 29′

ဆာကာ 64′

◾ PSV 1-0 လန်းစ်

– ဒီဂျောင် 12′

◾ ရီရဲမက်ဒရစ် 3-0 ဘရာဂါ

– ဒိုင်ယက် 27′

ဗင်နီစီးယက် 58′

ရိုဒရီဂို 61′

◾ ဆဲလ်ဘတ် 0-1 အင်တာမီလန်

– မာတီနက်စ် 85′(Pen)

◾ စုစုပေါင်း ရှစ်ပွဲရွေးချယ်ပေးရာ ​ခြောက်ပွဲမှန်ခဲ့ပြီး နှစ်ပွဲရှုံးခဲ့တာကြောင့် အကျိုးအမြတ်ရမဲ့ ခန့်မှန်းချက်ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဂိုးရနောက်ကျခဲ့သလို တစ်ဖက်တစ်ဂိုးစီ ရခဲ့ပေမဲ့ သုံးဂိုးအထိသာရောက်ခဲ့တာကြောင့် ဂိုးပေါ် ရွေးချယ်မှု မှားယွင်းခဲ့ပါတယ်။ မန်ယူအသင်းရှုံးပွဲကြောင့် အာဆင်နယ်အသင်း ကြေး​ ပြန်အောင်ပေးခဲ့ပြီး ဂိုးပေါင်းထိန်းခဲ့တာကြောင့် ဆီဗီလားအသင်းကို ရွေးချယ်မှု မှားခဲ့ပါတယ်။ အားလုံးက နာပိုလီအသင်း နိုင်မယ်လို့ ယူဆထားကြသလို ထိုးသား တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ နာပိုလီအသင်းဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း MT News က ဂိုးအောက်ရွေးချယ်ခဲ့တာဖြစ်လို့ခန့်မှန်းမှု မှန်ကန်ခဲ့ပါတယ်။ ဆိုစီဒက်နဲ့ ဘင်ဖီကာပွဲကို တော်တော်များများ ဂိုးအောက် ရွေးချယ်ကြတာ တွေ့ရပါတယ်။ အားလုံးနဲ့ ဘွတ်ကီရဲ့ ဂိုးအောက်ခေါ်ကြေးကနေ ထိုးထွက်ပြီး ကြေးမကြည့်ဘဲ လက်ရှိ ခြေစွမ်း၊ ရပ်တည်မှု အခြေအနေ စတဲ့ တစ်ဖက်ကနေ ပြန်လှည့်တွေးပြီ ဂိုးပေါ် မှန်းခဲ့တာ ၂၁ မိနစ်အတွင်း ဂိုးပေါ် ခဲ့လို့ အားရကျေနပ်မိပါတယ်။ မန်ယူအသင်း အဝေးကွင်းမှာ နှစ်ဂိုးပြတ်နိုင်နေပေမဲ့ မားကပ်ရက်ရှ်ဖို့ရဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ပြန်လည်အရှုံးပေးခဲ့ရပေမဲ့ အိမ်ရှင်ကိုပင်ဟေဂင် အသင်းကို ရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။ PSV အသင်း တစ်ဂိုးနှင့်ကပ်နိုင်ခဲ့လို့ မှန်ကန်ခဲ့ပေမဲ့ ပြားငါးဆယ်သာ စားခဲ့ရပါတယ်။ ရီရဲမက်ဒရစ် ဂိုးပြတ်သွင်းခဲ့လို့ ကြေးအောင်ခဲ့တာကြောင့် မှန်ကန်ခဲ့သလို အင်တာမီလန်ပွဲရဲ့ ပေါက်ကြေး ဖော်လိုအရ ဂိုးအောက်ရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။

◾ မန်ယူအသင်း အခုရှုံးပွဲကြောင့် ဇယားအောက်ဆုံးကို ရောက်သွားခဲ့တယ်ဆိုပေမဲ့ အမှတ်ကွာဟချက် သိပ်မရှိလို့ အုပ်စုတက်သွားနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အာဆင်နယ်အသင်းကလည်း အခုနိုင်ပွဲကြောင့် အုပ်စုတက်ဖို့ ရာခိုင်နှုန်း များနေပြီ ဆိုပေမဲ့ သင်္ချာနည်းအရတော့ လုံးဝမသေချာသေးပါဘူး။ တစ်မှတ်လောက်ရဖို့ လိုနေသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ မနေ့ညက မန်စီးတီးနဲ့ လိုက်ဇစ်အသင်း နှစ်သင်းသာ အုပ်စုတက်ဖို့ သေချာနေခဲ့ပေမဲ့ ဒီနေ့ညမှာတော့ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်၊ ဆိုစီဒက် ၊ အင်တာမီလန် အသင်းတို့ အုပ်စုတက်ဖို့ သေချာတဲ့ အမှတ်ရရှိသွားခဲ့တာကြောင့် စုစုပေါင်း ခြောက်သင်းအထိ အုပ်စုတက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲစဥ်များ ရွေးချယ်ချက် အနိုင်ရလဒ် များခဲ့သလို ဒီနေ့ညနေကျရင်လည်း ယူရိုပါလိဂ် သုံးသပ်ချက်တွေ ဆက်လက် ရေးသားပေးမှာ ဖြစ်လို့ စောင့်မျှော်အားပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *