October 7, 2024

၉. ၁၁. ၂၀၂၃

Written By Thandar

အကြည်တော်ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အ‌နေနဲ့ ဆရာ အကြည်တော် ရေးသားခဲ့တဲ့ အများနဲ့မတူ ကိုယ်ပိုင်ဟန်အပြည့် တေးသီချင်းကောင်းများစွာပါဝင်တဲ့ “အကြည်တော်ရဲ့ ဖြူစင်ခြင်း Tribute Show” ပွဲ ကို ဒီ​နေ့ နိုဝင်ဘာ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် Sky Star Hotel (Ballroom) မှာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ပွဲကတော့ အကြည်တော်ရဲ့ တစ်နှစ်ပြည့်အမှတ်တရစာအုပ်ထုတ်ဝေတဲ့ ပွဲရယ်၊ သူ့သီချင်းတွေကို Tribute လုပ်တဲ့ပွဲပါ။ Tribute ပွဲအတွက် ကျွန်တော် အဓိက ဦးဆောင်တယ်။ပါဝင်သူတွေကတော့ အရင်ထဲက ကျွန်တော်တို့နဲ့ ညီအကိုဖြစ်နေတဲ့ အဆိုတော်တွေပါတယ်။ Event Management တွေပါတယ်။ ပါဝင်ကြသူတိုင်းက အကျိုးအမြတ်မယူဘဲ အနုပညာကို ကူးစက်ခံစားစေတဲ့ ပွဲတစ်ပွဲပါ “လို့ အကယ်ဒမီ ဓီရာမိုရ်က ပြောပါတယ်။

This image has an empty alt attribute; its file name is 398483267_122125876814040280_4971609197277587233_n.jpg

အဆိုပါ ဖျော်ဖြေပွဲမှာ စာရေးဆရာ ကဗျာဆရာအကြည်တော် ကိုယ်တိုင်ရေးသားခဲ့တဲ့ တေးသီချင်းတွေကို Orchestra အဖွဲ့ကြီးနဲ့အတူ ဓီရာမိုရ်၊ အရိုး၊ ဝေလ၊ အောင်ထက်၊ နီနီခင်ဇော် စသူတွေ ကိုယ်တိုင်မပါဝင်ပေမယ့် ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ထားတဲ့ ဂီတကဗျာနဲ့ ဂီတမြို့ရဲ့ အနုပညာရှင်များစွာက သီချင်း ၂၈ ပုဒ်နဲ့ ဖျော်ဖြေကြမှာဖြစ်ပါတယ်။

Tribute Show မှာ အကြည်တော်ကို လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေကို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာက လွမ်း ဆွတ် သတိရခြင်း ကဗျာ ဂီတ တစ်ပုဒ် Title Song အနေနဲ့ သီဆိုကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *