October 9, 2024

၁၀. ၁၁. ၂၀၂၃
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ကူးစက်ရောဂါ အထူးကုဆေးရုံရှေ့တွင် ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၅ နာရီ၁၃ မိနစ်ခန့်က တက္ကစီတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကားတစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ TOYOTA VISTA ARDEO အငှားယာဥ်မှာ ကားစက်နှိုးရာမှ ဘတ္ထရီချောင်၍ မီးပွားများထွက်ကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။

အဆိုပါ ကားမီးလောင်မှုမှာ မိနစ် ၃၀ ကြာ လောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၃ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆသုံးစွဲသူကို အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *