October 8, 2024

၁၀. ၁၁. ၂၀၂၃
Written by Pan Ei

ဟောင်ကောင်မှာ အာဖရိကဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ကို တွေ့ရှိပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက ဝက်ကောင်ရေ ၅,၆၀၀ ကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်တုန်းက တရုတ်ပြည်မကြီး နယ်စပ်အနီး ယွန်လောင်ဧရိယာထဲက လော်ဖူရှန်ဒေသရှိ မွေးမြူရေးခြံက ဝက် ၂၂ ကောင်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ထိန်းသိမ်းရေးဦးစီးဌာနက ကြာသပတေးနေ့မှာ ဝက်တွေကို သုတ်သင်ရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့ပြီး ဌာနရဲ့ အရေးပေါ် စီမံချက်အနေနဲ့ ဗိုင်းရပ်စ်တွေ့ရှိခဲ့တဲ့ မွေးမြူရေးခြံတွေက ဝက် ပို့ဆောင်တာတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ဝက်ကောင်ရေနဲ့ ဝက်မွေးမြူရေးလုပ်ငန်းအပေါ် ဆိုးဆိုးရွားရွားသက်ရောက်မှု ဖြစ်ပေါ်စေနိုင်တဲ့ အဆိုပါ ဗိုင်းရပ်စ်ဟာ လူ့ကျန်းမာရေးအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကိုလည်း အကြောင်းကြားခဲ့ကာ နိုင်ငံတကာကကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး ဗိုင်းရပ်စ်ရဲ့အရင်းအမြစ်ကို ခြေရာခံဖို့ လုပ်ဆောင်နေတယ်လို့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ထိန်းသိမ်းရေးဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *