October 8, 2024

၁၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးအစိုးရက ဂါဇာမြောက်ပိုင်း၌ နေ့စဉ် လေးနာရီကို အရပ်သားပြည်သူများ ဒေသအတွင်းမှ ထွက်ခွာနိုင်ရေး အပစ်ရပ်ပေးမည်ဖြစ်ကြောင်း၊ အပစ်ရပ်ကာလအတွင်းစစ်ဆင်ရေးလုံးဝလုပ်မည်မဟုတ်ကြောင်း သဘောတူခဲ့သည်ဟု အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကပြောခဲ့ပြီး လေးနာရီကြာ အပစ်အခတ်ရပ်စဲရေးက နိုဝင်ဘာ ၉ ရက်ကပင် စတင်သည်ဟု ၎င်းကဆိုသည်။

ထိုသို့သဘောတူညီချက်ရရှိကြောင်းပြောကြားအပြီးတွင်မူ နိုဝင်ဘာ ၉ ရက်တွင် ပါလက်စတိုင်းအရပ်သား ၈၀,၀၀၀ ခန့်က ကယ်ဆယ်ရေးလမ်းကြောင်းအတိုင်း ဂါဇာမြောက်ပိုင်းမှထွက်ပြေးသွားခဲ့ကြကြောင်း အစ္စရေးစစ်ဖက်အရာရှိတစ်ဦးက ပြောခဲ့သည်။ သို့သော်လည်း အပစ်အခတ်ရပ်စဲရေးက မည်သည့်အချိန်တွင်စသည်ကို ရှင်းရှင်းလင်းလင်းမသိရသေး ပေ။

အစ္စရေးဝန်ကြီးချုပ်ရုံးကမူ အပစ်အခတ်ရပ်စဲမှုအတွက် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုမှုမရှိခဲ့ပေ။ ထို့ပြင်ဝန်ကြီးချုပ်နေတန်ရာဟုကလည်း ဓားစာခံများပြန်မလွှတ်ပေးပါက မည်သို့သော အပစ်အခတ်ရပ်စဲရေးကိုမှ သဘောမတူနိုင်ဟုပြောကြားထားခဲ့သည်။

အစ္စရေးပြည်သူ အများစုတွင် အထူးသဖြင့် ဖမ်းဆီးခံထားရသော ဓားစာခံများ၏မိသားစုအဖွဲ့ဝင်များက ဓားစာခံများပြန်လွှတ်မပေးဘဲ အပစ်အခတ်ရပ်စဲရေးမပြုရန် ဝန်ကြီးချုပ်ကိုတောင်းဆိုလျက်ရှိကြသည့်။

Ref—-Jerasleum Post, cnn

Leave a Reply

Your email address will not be published. Required fields are marked *