October 30, 2024

MT News

Written by Nay Myo

SAC တာဝန်ယူထားသည့် နှစ်နှစ်သက်တမ်းအတွင်း အကျဉ်းသား ၆၀၀၀၀ နီးပါး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် နစက၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

SAC လက်ထက် ပထမဆုံး ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့မှုမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့)တွင်ဖြစ်ပြီး နိုင်ငံခြားသား ၅၅ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၂၃၃၁၄ ဦးလွှတ်ပေးခဲ့ပြီး မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံခြားသား ၁၃၇ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၂၃၀၄၇ ဦးလွှတ်ပေးခဲ့သည်။

တတိယအကြိမ်အဖြစ် သီတင်းကျွတ်အခါသမယ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြည်တွင်းအကျဉ်းသူအကျဉ်းသား ၅၆၇၀ ဦးလွှတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် မတ် ၂ ရက်တတွင် နိုင်ငံခြားသား ၁ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၆ ဦးလွှတ်ပေးခဲ့ကာ မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံခြားသား ၄၂ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၁၅၇၇ ဦးလွှတ်ပေးခဲ့ကာ အောက်တိုဘာ ၂၈ ရက်တွင် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၆ ဦးလွှတ်ပေးခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံခြားသား ၄ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၅၇၇၀ ဦးလွှတ်ပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ကြောင့် SAC တာဝန်ယူထားသည့် နှစ်နှစ်သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၇ ကြိမ်ပေးခဲ့ရာတွင် နိုင်ငံခြားသားအကျဉ်းသား ၂၃၉ ဦး၊ နိုင်ငံသားအကျဉ်းသား ၅၉၃၉၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်ပေးစေလိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံ ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *