October 7, 2024

၉. ၁၁. ၂၀၂၃

Written by Nay Aung

မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ လောက်ကိုင်မြို့ရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသည့်ဂိုဏ်းများ လက်ထဲတွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား ၂၆ ဦးကို ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒါတွတ် မိုဟာမက် အလာမင်က ထုတ် ဖော်ပြောဆိုလိုက်သည်။

မလေးရှားအစိုးရသည် နိုဝင်ဘာ ၃ ရက်အထိ ပြည်ပနိုင်ငံများရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား အနည်းဆုံး ၅၁၈ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ” ကျွန်တော်တို့ဟာ လောက်ကိုင်မြို့ရှိ လူကုန်ကူးဂိုဏ်းတွေလက်ထဲ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၂၆ ဦးကို

မိခင်နိုင်ငံထံ ဘေးကင်းစွာနဲ့ ပြန်လည်ခေါ်ယူဖို့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့အပြင် ရန်ကုန်မြို့ရှိ မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်”ဟုပြောသည်။

This image has an empty alt attribute; its file name is 400067382_635306515442086_5407136565915095187_n.jpg

မလေးရှားအစိုးရအနေဖြင့် မလေးရှားနိုင်ငံသားများကို မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ အွန်လိုင်းအသုံး ပြုကာလိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများ၏ သားကောင်မဖြစ်စေရန် လိုအပ်သောအဆင့်များကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၃၆ ဦးကို ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဆူရာချာတီ ဟတ်ပန်က ပြောသည်။

ထိုင်းရဲချုပ်က ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း အခြားထိုင်းနိုင်ငံသား ၇၄ ဦးက လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး လူကုန်ကူးဂိုဏ်းများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများလည်းရရှိထားကြောင်း ပြောဆိုထားသည်။

Ref; thestar

Leave a Reply

Your email address will not be published. Required fields are marked *