October 7, 2024

၉. ၁၁. ၂၀၂၃

Written by Hey Mar

နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ပြည်မြို့ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသူသုံးဦးအနက် တစ်ဦးရေနစ်ပျောက်ဆုံးခဲ့ရာမှာ ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက် ၁၀နာရီဝန်းကျင်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပရဟိတပါရမီ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်အရ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းရှိ ဘောတံတားအနီးမှာ အရက်သောက်စားထားကြ သူအမျိုးသားသုံးဦး ရေဆင်းကူးကြရာက တစ်ဦးရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး မနေ့က ရှာဖွေတာလည်း ရေစီးသန်တာ၊ ဒီရေတိုးနေတာကြောင့် ရှာဖွေရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဒေသခံ ကယ်ဆယ်ရေး ပရဟိတအသင်းသားတချို့ထံက သိရပါတယ်။

ရေနစ်ပျောက်ဆုံးသူအမျိုးသားဟာ ပြည်မြို့ဇာတိဖြစ်ပြီး အသက်(၄၀)ဝန်းကျင်ခန့်ဖြစ်ကာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းကစတင်ပြန်လည်ရှာဖွေခဲ့ရာမှာ မနက် ၁၀ နာရီခန့်အချိန်ကြမှ မြစ်အတွင်းရေနစ်သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းယာဥ်နဲ့ ပြည်မြို့ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *