October 7, 2024

၉. ၁၁. ၂၀၂၃

Written by Zaw Moe

PDF များက ‌ရွှေဘိုမြို့နယ်၊ မြင်းချင်း‌ကျေးရွာရှိ မင်္ဂလာဆောင်ပွဲနှင့် သီးလုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းကျွေးအလှူပွဲကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၁၀ လအရွယ်ကလေးငယ်နှင့် ရဟန်းတော် ၁ ပါး အပါအဝင် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင်၊ မြင်းချင်းကျေးရွာရှိ ဦးစိုးပိုင်၏နေအိမ်၌ နိုဝင်ဘာ ၈ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF များက ကျေးရွာ၏ မြောက်ဘက်မှနေ၍ Drone အသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အသက် ၁၀ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ မင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်၌ နံနက် ၁၀ နာရီခန့်တွင် ဆွမ်းကျွေးပြုလုပ်နေစဉ် PDF များက Drone အသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့် ရဟန်း ၁ ပါးနှင့် အမျိုးသမီး ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံ‌ရေးတပ်ဖွဲ့များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *