October 6, 2024

၁၀ . ၁၁. ၂၀၂၃

Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ (ကန်သာ) မင်္ဂလာကန်တော်အနီးမှာ အသက် ၆၀ ဝန်းကျင် အမျိုးသားကြီးတစ်ဦးကို အရက်သမားတစ်ဦးက မိုက်ကြေးခွဲ ရိုက်နှက် လုယက်ရာမှာ အနီးပတ်ဝန်းကျင်ရှိပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်နှံပေးခဲ့တဲ့ ဖြစ်စဥ် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်အရ စလင်းပြန်ဖို့ လမ်းစရိတ်မရှိလို့ဟုဆိုကာ လိုက်လံတောင်းရမ်းနေတဲ့ သက်ကြီးပိုင်းအမျိုးသားကို အရက်သမားတစ်ယောက်က တုတ်နဲ့ ဦးခေါင်းကိုရိုက်ပြီး ပိုက်ဆံအိတ် လုယူထွက်ပြေးသွားတာမှာ အနီးပတ်ဝန်းကျင်က ပြည်သူတွေက လိုက်လံဖမ်းဆီးပြီး သက်ဆိုင်ရာနယ်​မြေတာဝန်ရှိသူတွေထံအပ်နှံခဲ့တာလို့သိရပါတယ်။

“ရိုက်ခံရတဲ့ ဒဏ်ရာက ခေါင်းကိုပေါ့။ နောက်စေ့ ဟက်တက်ကွဲတယ်။ နဖူးက ဒဏ်ရာလည်း အတော်များတယ်။ သွေးထွက်လွန်နေလို့ စိုးရိမ်ရ လူနာပါ။ ကျွန်တော်တို့ မြေပြင်လူမှုကူညီရေးအသင်းကနေ လူနာကို ပြုစု ကူညီပေးပြီး မကွေးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ပေးခဲ့ပါတယ်” လို့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *