October 8, 2024

၁၀ . ၁၁. ၂၀၂၃

Written by Nay Aung

တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများကို တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားရောက်ခြင်းများမလုပ်ရန် နိုဝင်ဘာ ၉ ရက်တွင် တားမြစ်ပိတ်ပင်လိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံမြောက်ပိုင်းမြို့တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးသွားတာမျိုးမလုပ်စေလိုဘူး။လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်စေလိုပါတယ်။ ဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းတာ။ ဒါမှမဟုတ် မိခင်နိုင်ငံကို ပြန်လာတာမျိုး လုပ်စေလိုတယ်” ဟု ပြောသည်။

This image has an empty alt attribute; its file name is 400027424_635561665416571_5652497602755149615_n.jpg

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်က တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က မြန်မာ့တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားလာခဲ့ကာ ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်နှင့် မြန်မာနယ်စပ်ဒေသအနီး တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ ကိုးကန့်လက်နက်ကိုင် MNDAA၊ တအာင်းလက်နက်ကိုင် TNLA၊ ရခိုင်လက်နက်ကိုင် AA အဖွဲ့များသည် မြို့အချို့ကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံသို့သွားရောက်မည့်လမ်းကြောင်းကို ပိတ်ဆို့ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်နေသည့်အတွက် တိုက်ခိုက်မှုများ၊ အမြှောက်ပစ်မှုများ၊ လေကြောင်းမှဗုံးကြဲမှုများကြောင့် ဒေသခံသောင်းနှင့်ချီပြီး နေရပ်စွန့်ခွာနေထိုင်နေရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိဒေသခံအချို့သည် နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာသွားရောက်မှုများလည်း ရှိနေကြောင်း သိရသည်။

Ref; Anadolu Agency

Leave a Reply

Your email address will not be published. Required fields are marked *