October 8, 2024

၁၀. ၁၁. ၂၀၂၃
Written by Nay Moe

CDF-Kanpetlet တူမီးတပ်ရင်းမှာ ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေတဲ့ ဆလိုင်းလှေ့မာန်နဲ့ သူ့အဖေဟာ နိုဝင်ဘာ ၇ ရက်က လခရတွေရဲ့ချေမှုန်းမှုကြောင့် သေဆုံးခဲ့ပြီး သူတို့ကို ဂူသွင်းသင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ဆလိုင်းလှေ့မန်ဟာ CDF ကန်ပက်လက်မှာ ဒုတပ်ရင်းမှူးဖြစ်တဲ့အပြင် သူ့ရဲ့ညီဖြစ်သူကလည်း CDF လက်နက်ကိုင်ရဲဘော်ဖြစ်ပါတယ်။ ချင်းလက်နက်ကိုင်သားအဖဖြစ်တဲ့ သူနဲ့ ဖခင်ဦးမာန်ကီးတို့ဟာ ဆောမြို့မှာ နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီကျော်က ​ဆောမြို့နယ်ရဲတပ်ဖွဲ့မှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ရဲ့ ချေမှုန်းမှုမှာ နှစ်လောင်းပြိုင်သေဆုံးခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-11-10_13-37-53-461x1024.jpg

လက်ရှိမှာတော့ ချင်းလက်နက်ကိုင် ဆလိုင်းလှေ့မန်တို့ သားအဖ လခရတွေရဲ့ ချေမှုန်းခံရမှုအပေါ် ချင်းလက်နက်ကိုင်တွေက ဆောမြို့ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကို လက်စားချေမယ်လို့ ကြွေးကြော်နေသလို CDF ကန်ပက်လက် ဒုတပ်ရင်းမှူးဆလိုင်းလှေ့မန် သေဆုံးမှုအပေါ် ဝမ်းနည်းစာတွေလည်း ထုတ်ပြန်လာကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း CNA/ CNF က ဒုဗိုလ်အပါအဝင် တပ်သားသုံးယောက် တီးတိန်မြို့ပေါ်မှာ သူတို့ပါလာတဲ့ဗုံးက ကားထဲ​ပေါက်ပြီး အလောင်းပါရှာမရအောင်သေဆုံးခဲ့သလို မြောက်စည်းရဲစခန်းတိုက်ပွဲမှာလည်း RKDF က နှစ်ယောက်နဲ့ Vakok က တစ်ယောက်သေဆုံးထားပြီး ခမ်းပတ်စခန်းကုန်းတိုက်ပွဲမှာလည်း CNDF က တစ်ယောက်နဲ့ တမူး PDF နှစ်ယောက်သေဆုံးထားတဲ့အပြင် ဂန့်ဂေါနယ်က မြောက်ခင်ရန်းရွာတိုက်ပွဲမှာလည်း PDF ၉ ယောက်သေခဲ့လို့ ဒီရက်ပိုင်းထဲတင် ချင်းနယ်တကြောမှာ ချင်းလက်နက်ကိုင်အဖွဲ့နဲ့ PDF တွေဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *