October 8, 2024

ဓာတ်ပုံ - MFSD ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့

၁၀ .၁၁. ၂၀၂၃
Written by Hey Mar

EXPRESS ခရီးသည်တင်ယာဥ်တစ်စီးက အိမ်စီးယာဥ်ကို ဝင်ရောက်တိုက်မိပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၁၀ ရက် မနက် ၇ နာရီ ဝန်းကျင်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်။

ဖြစ်စဥ်အရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် (၄၅/၄)နဲ့(၄၅/၅)ကြား ပဲခူးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ Yutong အမျိုးအစား ရန်ကုန်-တာချီလိတ်ပြေးဆွဲတဲ့ ဒို့ညီနောင် Express ခရီးသည်တင်ယာဥ်က ဒရိုင်ဘာအိပ်ငိုက်တာကြောင့် တစ်ဖက်ယာဥ်ကြောဘက် အရှိန်လွန်ရောက်ရှိကာ ရန်ကုန် ဘက်က မောင်းနှင်လာတဲ့ Alphard အမျိုးအစားအိမ်စီးယာဥ်ကို မျက်နှာချင်းဆိုင် တိုက်မိတာလို့ သိရပါတယ်။

“ယာဥ်မောင်း အိပ်ငိုက်တာလို့ ယူဆရပါတယ်။ Express ယာဥ်ပေါ်က ခရီးသည်တွေရော ယာဥ်မောင်းရော ထိခိုက်မှု မရှိပေမယ့် အိမ်စီးယာဥ်ပေါ်က အမျိုးသမီးတစ်ဦးတော့ ထိခိုက်ဒဏ်ရာ များပါတယ်။ လူတော့ မသေပါဘူး။ ပဲခူးဆေးရုံကြီးကို အမြန်လမ်းမီးသတ်တပ်ဖွဲ့ သူနာတင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူရဲ့ပြောကြားမှုအရ သိရပါတယ်။

Express ယာဥ်ဟာ အိမ်စီးကားကို ဖြတ်တိုက်ပြီး တံတားဘောင်ကို ဆက်လက်တိုက်မိပြီးမှ ရပ်တန့်သွားခဲ့သလို ယာဥ်ပေါ်ပါခရီးသည် ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *