October 8, 2024

၁၀. ၁၁. ၂၀၂၃
Written by Nay Moe

မံပုံ-ကြံခင်းကျေးရွာသွားကားလမ်းပေါ်သို့ KIA နှင့် PDF များပစ်ချသည့် စိန်ပြောင်းဗုံးသီးကျ၍ ကြံခင်းရွာနေသူလေးဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၇ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအတွင်း မံပုံ-ကြံခင်းကျေးရွာသွားကားလမ်းပေါ်သို့ KIA နှင့် PDF များ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကြံခင်းကျေးရွာနေသူများဖြစ်သည့် ဦးမောင်ဆိုင် (၅၀)နှစ်၊ ကိုနိုင်လင်းဦး (၂၅)နှစ်၊ ဒေါ်လွန့်ဖိန် (၅၀)နှစ်နှင့် ဒေါ်လှယုံ(၄၂)နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိုးမောက်မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်နေ ဦးအောင်စည်ဟိန်း(၃၁)နှစ်တွင် ယာလက်မောင်း၌ ဗုံးသီးစ ထိမှန်ဒဏ်ရာတစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် နေအိမ်၌ရှိနေစဉ် PDF များ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး နေအိမ်အတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *