October 7, 2024

၁၀. ၁၁. ၂၀၂၃
Written By Thandar

ကလေးသရုပ်ဆောင် အဖြစ်ကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် ခန့်ကျော်ကတော့ ကိုယ့်ကို သေသေချာချာ Control လုပ်ပေးနိုင်မယ့် လက်တွဲ ဖော်ကို လိုချင်တယ်လို့ ဖွင့်ဟလာပါတယ်။

“ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ ဇာတ်လမ်းတွဲမှာ ကိုနေတိုးရဲ့ ငယ်ဘဝ ရန်ပယ်ကောင်းလေးနေရာက သရုပ်ဆောင်ထားတယ်။ အကိုနဲ့ တွဲတော့ သရုပ်ဆောင်တာ မပါဘူး။ ကိုနေတိုး ရိုက်ကူးရက်ဆိုရင်တော့ သူ့ အိုက်တင်ပိုင်းနဲ့ ကျွန်တော် သရုပ်ဆောင်ပိုင်း လိုအပ်ချက်ရှိ မရှိတော့ လေ့လာသင်ယူဖြစ်ပါတယ်။ ရှုတင်ရောက်ပြီဆိုရင် ဆင်းန်ပေါ်မှာ စိတ်နှစ်လုပ်ရတော့ ကျန်တဲ့အရာတွေ မေ့သွားတာရှိတယ်။ ဇာတ်ကားတစ်ခုရိုက်နေရရင် ပျော်ပါတယ်”လို့ သရုပ်ဆောင် ခန့်ကျော်က ပြောပါတယ်။

ခန့်ကျော်ကတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်ရိုက်ကူးမယ့် “ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ” ဇာတ်လမ်းတွဲမှာ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ အေးမြတ်သူ ၊ နော်ဖောအယ်ထား ၊ အကယ်ဒမီ သူထူးစံ ၊ အကယ်ဒမီ မြင့်မြင့်ခင် ၊ အကယ်ဒမီ မေသဥ္ဇာဦး ၊ ရဲမွန် ၊ သွန်းကြယ်စင် စသူတွေနဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ ဒီဇာတ်ကားမှာ ကျွန်တော်က ၁၀ တန်းကျောင်းသား ၊ ဆေးကျောင်းက အမ တစ်ယောက်ကို ချစ်မိတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ချစ်သူဆိုရင်တော့ ကျွန်တော်လည်း လုပ်ချင်တာလုပ် သူလည်း လုပ်ချင်တာလုပ်ဆိုတာ ထက်လေ။ ကျွန်တော့် သဘောက ထိန်းချုပ်နေတာမျိုး သဘောကျတယ်။ ပုံမှန်အတိုင်းဆိုရင် ကိုယ့်အချစ်ရေးကြီးက ပျင်းစရာကြီးဖြစ်နေမှာပေါ့။ ကိုယ့်ကို သေသေချာချာ Control ပေးနိုင်မယ့်သူ လက်တွဲ ဖော်ကို လိုချင်တယ်”လို့ သူက ဆက်ပြောပါတယ်။

သူဟာ အကယ်ဒမီ ဒေါ်မြတ်မွန်ရဲ့ မြေးဖြစ်ပြီး အနုပညာလောကထဲက ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီးတော့ မိန်းကလေး ပရိသတ်တော်တော်များများရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *