October 7, 2024

၁၀ . ၁၁ .၂၀၂၃
Written by Hey Mar

ရှမ်း​ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ၁ နှစ်ခွဲအရွယ် ကလေးငယ် ကားတိုက်ခံရပြီး သေဆုံးကာ တိုက်တဲ့ယာဥ် ​မောင်းနှင်ထွက်ပြေးသွားတဲ့ဖြစ်စဥ် နိုဝင်ဘာ ၉ ရက်ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လားရှိုးလူငယ်များပရဟိတ အဖွဲ့ကနေ သိရပါတယ်။​

လားရှိုးမြို့ ရပ်ကွက် ၅၊ ၆၊ ၇ အဝင်လမ်းထိပ်မှာ အတိုက်ခံခဲ့ရတာဖြစ်ပြီး CCTV မှတ်တမ်းများအရ ကလေးက လမ်းမပေါ် မတ်တပ်ရပ်နေတဲ့ အနေအထားနဲ့ ကားအောက်ရောက်သွားတာကို မြင်တွေ့ရတာပါ။ တိုက်မိတဲ့ကားက အနက်ရောင် FORD ကားအမျိုးအစားဖြစ်ပြီး တိုက်တဲ့သူတွေက ဆင်းကြည့်ပြီးမှ ကလေးကြိတ်မိမှန်းသိပြီး မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် ကလေးက ဦးခေါင်းကွဲကြေဒဏ်ရာရရှိကာသေဆုံးခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-11-10_10-33-00.jpg

ကလေးမိဘတွေက မြင်းမူမြို့နယ်ကနေ အခင်းဖြစ်တဲ့ရပ်ကွက်မှာ ပန်းရံလုပ်သားတွေအဖြစ်လာရောက်လုပ်ကိုင်နေတာလို့ သိရရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာနေရာရောက်ရှိကာ ရဲလုပ်ငန်းစဥ်များ စစ်ဆေးဆောင်ရွက်မှုအပြီးမှာ သေဆုံးသူ-ကလေးငယ်ရဲ့ရုပ်အလောင်းကို လားရှိုးလူငယ်များပရဟိတအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လားရှိုးလူငယ်များ ပရဟိတ အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *