October 7, 2024

၉. ၁၁. ၂၀၂၃
Written by MMAK

ယူရိုပါလိဂ်နဲ့ ဥရောပကွန်းဖရန့်လိဂ်ဟာ တစ်ဆင့်နိမ့်ပွဲဖြစ်ပေမဲ့ အကြိတ်အနယ်ကန်ကြမဲ့ပွဲတွေပါသလို ဒီအသင်းကတော့ အပိုင်ပဲလို့ ယူဆနိုင်စရာ ပွဲတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ စိတ်ကြိုက်အဖြစ်ဆုံး အကောင်းဆုံးပွဲတွေကို ရွေးထုတ်ပြီး လေ့လာသုံးသပ်ပေးရင်းအားလုံး အပေါင်းပြကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

◾ အေဂျက် Vs ဘရိုက်တန်

အေဂျက်အသင်းက ဥရောပ အတွေ့အကြုံရင့်သလို အသင်း​ကြီးတစ်သင်းဖြစ်ပါတယ်။ အခုရာသီမှာ ခြေစွမ်းကျဆင်းနေတာကြောင့် ရလဒ်တွေဆိုးရွားနေချိန် ဖြစ်ပေမဲ့ နောက်ဆုံး နှစ်ပွဲလုံးနိုင်ပြီး သွင်းဂိုး ၆ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဘရိုက်တန်အသင်းက အဝေးကွင်းကနေ တစ်လုံး ၅၀ စား ပြန်ပေးထားတဲ့ ပေါက်ကြေးမျိုးက ဘရိုက်တန်အသင်း ဂိုးသွင်းမယ်ဆိုတဲ့ ကြေးမျိုးပါ။ နှစ်သင်းလုံး အမှတ်လိုအပ်ချက် များနေပြီး အုပ်စုတက်ဖို့ ရမှတ်တွေ အရေးတကြီး လိုအပ်နေချိန်ဖြစ်ပါတယ်။ သရေဖြစ်မဲ့ပွဲမျိုးမဟုတ်ဘဲ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး သွင်းဂိုးတွေနဲ့ အနိုင်ယူမဲ့ ပွဲမျိုးပါ။ ပေါက်ကြေးအရ ဘရိုက်တန်လည်းဂိုးသွင်းမယ် အိမ်ရှင် အေဂျက်လည်း ဂိုးရမယ်ဆိုတော့ တစ်ဖက်တစ်ဂိုးစီ သေချာနေသလို နောက်ထပ်သွင်းဂိုးတွေ ထပ်မြင်ရဖို့ ရှိတာကြောင့် ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲရွေးချယ် ထားချင်ပါတယ်။

◾ ဖရိုင်းဘတ် Vs တော့ပိုလာ

ဆားဘီးယား ကလပ် တော့ပိုလာအသင်းက အိမ်ဖြည့် အသင်းသက်သက်ပါပဲ။ သုံးပွဲကစားပြီး တစ်မှတ်သာရထားသေးသလို သွင်းဂိုး ရှစ်ဂိုးအထိ ပေးထားရပါတယ်။ အိမ်ရှင် ဖရိုင်းဘတ်အသင်း အင်အားအနည်းဆုံး တော့ပိုလာကို နိုင်ခဲ့ရင် အုပ်စုတက်ဖို့ အခွင့်အရေး သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။ ဖရိုင်းဘတ်အသင်းနိုင်မယ်။ သုံးဂိုးသွင်းမှ ကြေးစားရမယ်ဆိုတော့ ဂိုးပြတ်သွင်းမှာလား တစ်ချက် ပြန်ကြည့်ရပါမယ်။ ဖရိုင်းဘတ်အသင်းအိမ်ကွင်း တိုက်စစ်ကောင်းသလို ခံစစ်လည်းကောင်းပါတယ်။ တော့ပိုလာအသင်း သွင်းဂိုးရဖို့ မရှိဘဲ ဖရိုင်းဘတ် အသင်းရဲ့ သွင်းဂိုးတွေကို မြင်ရမဲ့ပွဲပါ။ ဟိုလာ၊ ဂစ်ဖရို၊ ဒိုရန်တို့ ပွဲထွက်လာမဲ့ ဖရိုင်းဘတ် တိုက်စစ် ဂိုးပြတ်သွင်းမဲ့ ပွဲလို့ ယူဆတာကြောင့် အိမ်ရှင် ဖရိုင်းဘတ်အသင်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾ ဟက်ကန် Vs မိုဒီ

ဟက်ကန်အသင်းဟာ ဆွီဒင်လိဂ်မှာ တစ်ပွဲ အနိမ့်ဆုံး နှစ်သွင်းထားနိုင်သလို ယူရိုပါလိဂ်အုပ်စုမတက်တောင် အဆင့် ၃ ရရင် ကွန်းဖရင့်လိဂ် ဆင်းကန်ရဖို့ ရှိသေးတာကြောင့် အနိုင်ရဖို့ အသေအလဲ ရုန်းကန်လာမှာ သေချာပါတယ်။ နော်ဝေးကလပ် မိုဒီအသင်းကတော့ အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိသေးသလို အဝေးကွင်းကနေ အထက်ကြေးပြန်ပေးထားပါတယ်။ နှစ်သင်းလုံး အနိုင်အရှုံးပေါ် အောင် ကန်ကြမဲ့ပွဲဖြစ်သလို တိုက်စစ်ကောင်းတဲ့ အသင်းတွေ ဖွင့်ကန်ကြမဲ့ပွဲမျိုးဖြစ်ပါတယ်။ ဂိုးပေါင်းကြေးလည်း မြင့်နေသလို ပထမအကျော့ကလို သွင်းဂိုးတွေ အများကြီး မြင်ရဖို့ ရှိတာကြောင့် ဂိုးပေါ်တစ်ကြောင်းတည်းကို အပိုင်ကွက်အနေနဲ့ ရွေးချယ်ပေးလိုက်ပါတယ်။

◾ တူးလော့စ် Vs လီဗာပူးလ်

လီဗာပူးလ်အသင်း သရေ တစ်မှတ်ရတာနဲ့ အုပ်စုတက်ဖို့ သေချာသွားပါပြီ။ အဝေးကွင်းကနေ တစ်လုံး ငါးဆယ် အရှုံးပေးထားသလို ဂိုးပေါင်းကြေးက သုံးလုံးအရှုံးပေါက်ကြေး ဖောက်ထားပါတယ်။ လီဗာပူးလ်အသင်း အရံတွေနဲ့ ပွဲထွက်လာနိုင်ပေမဲ့ နည်းပြည်ကြီးကလော့ဟာ ပိတ်ကစားတတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ ဘော်ဒီကြေးပေါက်အရ လီဗာပူးလ်အသင်း သေချာပေါက် ဂိုးသွင်းနိုင်မှာ ဖြစ်သလို အိမ်ရှင်တူးလော့အသင်းလည်း ဂိုးသွင်းနိုင်မှာ ဖြစ်ပါတယ်။တူးလော့အသင်း အမှတ်လိုအပ်ချက်ကြောင့် အိမ်ကွင်းမှာ အနိုင်ရဖို့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ကြိုးစားလာမှာဖြစ်သလို နှစ်သင်းလုံး တစ်ဖက်တစ်ဂိုးစီ ရနိုင်တဲ့ပွဲဖြစ်ပါတယ်။တိုက်စစ်အပြင်းဖွင့်မဲ့ ပွဲဖြစ်တာကြောင့် လီဗာပူးလ်အသင်းထက် ဂိုးပေါ် ရွေးချယ်ထားတာက စိတ်အချရဆုံးဖြစ်ပါတယ်။

◾ ကူကာရစ်ကီ Vs ဖီအိုရင်တီးနား

ဆားဘီယားကလပ် ကူကာရစ်ကီအသင်းဟာ အိမ်ဖြည့်အသင်း သက်သက်ဖြစ်သလို သုံးပွဲကစား တစ်မှတ်မှမရသေးဘဲ ၁၁ ဂိုးပေးခဲ့ရပါတယ်။ ဖီအိုရင်တီးနားအသင်း အုပ်စုတက်ဖို့ဆို အမှတ်လိုအပ်နေတာကြောင့် ဒီပွဲ အနိုင်ရဖို့ လိုအပ်ပါတယ်။ အဝေးကွင်းမှာ နှစ်ဂိုးသွင်းမှ ကြေးပါးပါး စားရသေးတယ်ဆိုပေမဲ့ အနိမ့်ဆုံး နှစ်ဂိုးပြတ်နဲ့အထက် နိုင်ဦးမှာပါ။ အိမ်ကွင်းပွဲမှာ ခြောက်ဂိုးပြတ်သွင်းခဲ့တဲ့ တီးနား အသင်း အဝေးကွင်းမှာ ဂိုးပြတ်ထပ်သွင်းဦးမှာဖြစ်လို့ ဖီအိုရင်တီးနားကို ရွေးချယ်ထားပါ။

◾ စပို့တင်း Vs ရာကိုး

ပိုလန်ကလပ် ရာကိုးအသင်း သုံးပွဲကစားပြီး တစ်မှတ်သာရထားပါတယ်။ သွင်းဂိုးတစ်ဂိုးသာ သွင်းထားနိုင်ပေမဲ့ ပေးဂိုး လေးဂိုးသာ ရှိထားတာကြောင့် ခံစစ်ကောင်းတဲ့ အသင်းဆိုတာ ထင်ရှားပါတယ်။ လိဂ်အဆင့်အတန်း၊ ကစားသမား အရည်အသွေး၊ အကုန်သာတဲ့ အိမ်ရှင် စပို့တင်းအသင်း နှစ်လုံးသွင်းမှ ခြောက်ဆယ်နိုင်ကြေးဖွင့်ထားပါတယ်။ ဘော်ဒီကြေးအနေနဲ့ စပို့တင်းအသင်း အိမ်ကွင်းမှာ အနိုင်ရမဲ့ကြေးတန်းပါ။ သို့သော် ဂိုးပြတ်သွင်းမှာလားဆိုတဲ့ တစ်ချက်ရှိပါတယ်။ အဝေးကွင်းမှာ ရာကိုးအသင်း ပိတ်ကစားလာမှာဖြစ်ပြီး တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန်မဲ့ အနေအထားပါ။ တိုက်စစ်ညံ့တဲ့ ရာကိုးအသင်း ဂိုးသွင်းနိုင်မယ် မထင်ပေမဲ့ ခံစစ်ကောင်းတဲ့အတွက် ဂိုးတွေ အများကြီး သွင်းခံရမယ်လဲ မထင်ပါဘူး ။ ဂိုးပေါင်းကြေးသုံးလုံးကို ပြားသုံးဆယ် အရှုံးဖွင့်ထားပါတယ်။ ရာကိုး အသင်းဂိုးမရနိုင်သလို အိမ်ရှင်စပို့တင်းအသင်း နိုင်ခဲ့ရင်တောင် ဂိုးပြတ်မယ် မထင်ပါဘူး။ အိမ်ရှင် စပို့တင်းအသင်းရဲ့ ဂိုးသွင်းအားတစ်ခုတည်းရှိတဲ့အတွက် အများဆုံးသွင်းရင် သုံးဂိုးပေါ့။ ဒါကြောင့် နှစ်သင်းပေါင်း လေးဂိုးထိမရောက်နိုင်ဘဲ အများဆုံး သုံးဂိုးသာဖြစ်နိုင်တဲ့အတွက် ဂိုးပေါင်းအောက်တစ်ခုတည်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

◾ မကာဘီ ဟိုင်ဖာ Vs ဗီလာရီးရဲ

နိုင်ငံရေး အခြေအနေကြောင့် ကြားကွင်း ဆိုက်ပရပ်နိုင်ငံမှာ ကန်ရမဲ့ပွဲဖြစ်ပါတယ်။ မကာဘီဟိုင်ဖာအသင်း ယူရိူပါလိဂ်ပွဲစဥ် နှစ်ပွဲလုံး ရှုံးထားသလို လိဂ်ပွဲတွေ ရပ်နားထားတာကြောင့် အခုပွဲအတွက် အဖက်ဖက်ကနေ အာရုံစူးစိုက်မှု လျော့နည်းနေမှာဖြစ်ပါတယ်။ ဗီလာရီးရဲအသင်း အမှတ်လိုအပ်ချက်ကြောင့် ဒီပွဲအတွက် အာရုံစိုက်ထားမှာ သေချာသလို နောက်ပွဲကြေးကျနိုင်တဲ့ ဗီလာရီးရဲအသင်း သုံးပွဲဆက် ကြေးမကျဖို့ ဒီပွဲကြေးအောင်ဖို့ များတဲ့ပွဲ ဖြစ်ပါတယ်။ တိုက်စစ်ကောင်းတဲ့ ဗီလာရီးရဲအသင်း အဖက်ဖက် ကနိမ့်နေတဲ့ မကာဘီဟိုင်ဖာအသင်းကို အနိုင်ယူပြီး အုပ်စုတက်ဖို့ အခြေအနေကောင်းဖို့ ကြိုးစားလာမှာပါ ဒါကြောင့် ဗီလာရီရဲအသင်းကို ရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *