October 5, 2024

၈. ၁၁. ၂၀၂၃

Written by Nay Moe

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဗုံးသယ်လာတဲ့ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာက ဗုံးသယ်လာတဲ့ကားပေါ်ပါ CNA (Chin National Army) တပ်သားသုံးယောက်ဟာ အလောင်းကောက်မရအောင် တစစီဖြစ် အပိုင်းပိုင်းပြတ် သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ်ရပ်ကွက်၊ အထက (၂) လမ်းခွဲအနီးမှာ ဗုံးသယ်လာတဲ့ CNA တပ်သားတွေရဲ့ Surf ကား ပေါက်ကွဲမှုဖြစ်ပွားပြီး ကားရော လူတွေပါ တစ်စစီပျက်စီးသေဆုံးခဲ့သလို လူ့ခန္ဓာကိုယ် အရိုးအသားတွေလည်း ဖွာထွက်ကုန်တာကြောင့် အလောင်းကောက်မရခဲ့တဲ့အပြင် အနီးအနားက နေအိမ်ခုနစ်လုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_13-59-47-1024x768.jpg

ကားပေါ်မှာ လက်လုပ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေ၊ လက်နက်ခဲယမ်းတွေ ဘယ်လောက်သယ်ဆောင်လာလဲ အတိအကျမထုတ်ပြန်ပေမဲ့ ယာဥ်ပေါက်ကွဲမှုနဲ့ လူသုံးယောက်လုံးတစ်စစီဖြစ်ကာ သေဆုံးခဲ့တာကြောင့် လက်နက်ခဲယမ်းအများအပြားသယ်ဆောင်လာတယ်လို့ သိရပါတယ်။

မတော်တဆမှုကြောင့် သေဆုံးသွားတဲ့ CNA/CNF တပ်သားသုံးယောက်ဟာ ဒုဗိုလ် ဆလိုင်း အဲလစ်မာ (Salai Elishma ),ဆလိုင်း ရိုနယ်လ် (Salai Ronald)၊ ဆလိုင်း ဂျော်ရှဝါ (Salai Joshua) တို့ဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_14-00-02.jpg

တီးတိန်မြို့ဟာ PDF – Zoland ကြီးစိုးရာမြို့ဖြစ်ပြီး CNA/CNA က သေဆုံးတဲ့ တပ်သားသုံးယောက်ဟာ တိုက်ခိုက်ရေးမစ်ရှင်ဖော်ဆောင်ဖို့ လက်နက်ခဲယမ်းအများအပြားနဲ့လာချိန်မှာ ကားပေါ်ပါဗုံးတွေပေါက်ကွဲခဲ့တာဖြစ်သလို တီးတိန်ကို ထန်တလန်လိုပျက်စေချင်လို့ CNA/ CDF က နယ်ချဲ့လာရင်း အခုလို ဖြစ်တာလို့လည်း မှတ်ချက်ပေးသူတွေ တွေ့ရပါတယ်။

ပုံစာ။ ကားဗုံးပေါက်၍ တစ်စစီသေဆုံးသွားသော CNA တပ်သားသုံးယောက် မသေဆုံးမီနှင့် ဗုံးပေါက်မှုမြင်ကွင်း (Photo – Zalen & Zofa Journal)

Leave a Reply

Your email address will not be published. Required fields are marked *