October 5, 2024

Ukrainian President Volodymyr Zelenskyy attends a press conference with European Commission President Ursula von der Leyen in Kyiv, Ukraine, Saturday, Nov. 4, 2023. (AP Photo/Efrem Lukatsky)

၈. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ အမေရိကန်နဲ့အနောက်နိုင်ငံတွေအနေနဲ့ စစ်ရေးအထောက်အပံ့ ယူကရိန်းကို ဆက်မပေးနိုင်တော့ဘူးဆိုရင်တောင် ချေးငွေတော့ပေးပါ၊ စစ်ပွဲပြီးတော့ပြန်ဆပ်ပါမယ်လို့ တောင်းပန်စကား ပြောရတဲ့အထိ ရောက်လာတဲ့အခြေအနေကို လူမှုကွန်ရက် X က ဗီဒီယိုဖော်ပြခဲ့ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံ ၄၇ နိုင်ငံက စစ်ရေးအထောက်အပံ့တွေနဲ့ စစ်ရေးအင်အားကြီးရုရှားကို အံတုလာတာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီဆို နှစ်နှစ်ရှိပြီဖြစ်တဲ့ ဇယ်လင်စကီးမှာ စစ်ရေးအထောက်အပံ့တွေဆက်ရနိင်ဖို့ မရေရာမသေချာတဲ့ဘဝရောက်လာပါတယ်။

အထောက်အပံ့ပေးတဲ့ နိုင်ငံတွေထဲမှာ အများဆုံးဖြစ်တဲ့ အမေရိကန်မှာ နောက်နှစ် သမ္မတရွေးကောက်ပွဲအကြိုကွန်ဂရက်မှာ ပါတီကြီးနှစ်ရပ်အားပြိုင်မှု၊ အစ္စရေး- ဟားမားစ် စစ်ပွဲဲဖြစ်ပွားလာရာမှာ အမေရိကန်အဖို့လည်း အစ္စရေးကိုအထောက်အပံ့ပေးဖို့က ပိုလို့အရေးကြီးလာတဲ့အချက်တွေကြောင့်လို့ပဲ ဆိုရမှာပါ။

နိုဝင်ဘာလ ၂ ရက်က အောက်လွှတ်တော်က အစ္စရေးအတွက် ဒေါ်လာ ၁၄ ဒသမ ၃ ဘီလျံဖိုးစစ်ရေးအထောက်အပံ့ပေးဖို့အတည်ပြုခဲ့ပါတယ်။ သို့သော် သမ္မတဂျိုးဘိုင်ဒန်တောင်းဆိုခဲ့တဲ့ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များအပါအဝင် ဒေါ်လာ ၁၀၆ ဘီလျံခန့် တောင်းဆိုမှုထက်များစွာလျော့နည်းနေတာတွေ့ရပါတယ်။

တစ်ခါအမေရိကန်ကမှ စစ်ရေးအထောက်အပံ့မပေးရင် ဒီပြင်နိုင်ငံတွေကလည်းသူ့ကိုဆက်ထောက်ပံ့ကြပါအုံးမလား။ ဇယ်လန်စကီးအဖို့ စစ်တုရင်ကစားနည်းမှာတော့ Stalemate လို့ခေါ်တဲ့ ရှေ့လည်းမထိုးနိုင် နောက်လည်းဆုတ်လို့မရ အကျဥ်းအကျပ် အခြေအနေရောက်နေရတယ်လို့တောင် အချို့ကသုံးသပ်လာပါတယ်။

ဒါပေမယ့်သူ့အနေနဲ့ ဒီလို မတိုးသာမဆုတ်သာ အခြေအနေမှာမဟုတ်ဘူး။ စစ်ပွဲမပြီးရတာလည်း ရုရှားသမ္မတပူတင်ကြောင့်လို့ပြောခဲ့ပါတယ်​။

ဒါပေမယ့် စစ်ရေးအထောက်အပံ့မပေးရင်တောင် ချေးငွေလေးတော့ မစပါလို့ လူမှုကွန်ရက်ကတောင်းဆိုရတဲ့ သမ္မတ တစ်ယောက်အဖြစ်ကတော့ ရုပ်ပျက်လွန်းလှတယ် ဆိုရတော့မှာပါ။

Ref—X

Leave a Reply

Your email address will not be published. Required fields are marked *