October 5, 2024

၈. ၁၁. ၂၀၂၃

Written by Pan Ei

တောင်အာဖရိကနိုင်ငံက အစိုးရ၀န်ကြီးတစ်ဦး ခရီးသွားနေစဥ်မှာ ဓားပြတိုက်ခံရပြီး သူမရဲ့သက်တော်စောင့်တွေဆီကနေလည်း သေနတ်တွေလုယက်ခံရတဲ့ ဖြစ်စဉ် တနင်္လာနေ့ (နိုဝင်ဘာ ၆ရက်) က ဖြစ်ပွားခဲ့ကာ အဲ့ဒီဖြစ်ရပ်ကို နိုင်ငံတွင်းအာဏာပိုင်တွေက “မကြုံစဖူးဘဲ”လို့ ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး စင်ဒီစီဘယ် ချီကွမ်ဂါဟာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တောင်ဘက်မှာရှိတဲ့ အဝေးပြေးလမ်းမပေါ်မှာ တနင်္လာနေ့က ခရီးသွားနေစဉ် ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး “ဝန်ကြီးရဲ့ ကားတာယာတွေကို ဆူးတွေနဲ့ ပေါက်စေကာ ရာဇဝတ်ကောင်တွေဟာ အဖိုးတန်ပစ္စည်းတွေကို လုယက်ဖို့ ကားကို ရပ်တန့်စေခဲ့တာပါ” လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဓားပြတိုက်သူတွေက ဝန်ကြီးရဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေနဲ့ တောင်အာဖရိကရဲဌာန (SAPS) က ပစ္စတိုနှစ်လက်တို့ကို လုယက်ပြီး ထွက်ပြေးသွားခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သလို အခုလက်ရှိမှာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပြီး ဝန်ကြီးနဲ့ သူမရဲ့သက်တော်စောင့်တွေက အန္တရာယ်မရှိဘဲ လုံခြုံတယ်လို့ သိရပါတယ်။

တောင်အာဖရိကနိုင်ငံဟာ အကြမ်းဖက်ရာဇ၀တ်မှုတွေ ပေါများတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတာဟာ ကြာပြီဖြစ်ပြီး စစ်ပွဲဇုန်အပြင်ဘက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် မကြာခဏဖော်ပြခံရလေ့ရှိပါတယ်။

ဒါ့အပြင် လူပေါင်း ၆၂ သန်းရှိတဲ့ တောင်အာဖရိကနိုင်ငံမှာ အခုနှစ် ဧပြီလကနေ ဇွန်လအထိ တစ်ရက်ကို လုယက်မှုပေါင်း ၅၀၀ ကျော်နဲ့ လူသတ်မှု ၇၀ နီးပါးရှိခဲ့တယ်လို့ တရားဝင် စာရင်းဇယားတွေအရသိရပြီး အာဏာပိုင်တွေက ပြစ်မှုကျူးလွန်ခံရသူတွေအတွက် ဘေးကင်းရေးနဲ့ တရားမျှတမှုတွေကို အာမခံနိုင်ဖို့ ပျက်ကွက်တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *