October 5, 2024

၈. ၁၁. ၂၀၂၃

Written by Nay Aung

ထိုင်းနိုင်ငံအခြေစိုက် PTTEP စွမ်းအင်ကုမ္မဏီသည် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့မှုများထပ်မံချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင် သွားဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သောသီတင်းပတ်က မြန်မာအစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့သည်။ အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသားများအနေဖြင့် MOGE နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားလုပ်ကိုင်ရမည်ဟု သတ်မှတ်ဖော်ပြထားသည်။ သို့သော်လည်း ထိုင်း စွမ်းအင်ကုမ္မဏီဖြစ်သော PTTEP က ဓာတ်ငွေ့ နှင့် စွမ်းအင်လုံခြုံမှု အဆက်မပြတ်စေရေး ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဓာတ်ငွေ့လုပ်ငန်းတွင် ထုတ်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-08_15-46-39-1024x552.jpg

ထိုင်း PTTEP က ” ဓာတ်ငွေ့လိုအပ်ချက် အဆက်မပြတ်စေဖို့အတွက် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလုပ်ကိုင်မှုကို သတိထားဆောင်ရွက်သွားရမယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုနဲ့ဖြစ်လာနိုင်မယ့် အန္တရာယ်တွေကို စဉ်းစားချင့်ချိန်တာမျိုးတွေလည်း ရှိနေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ၏ဖိအားများကြောင့် ပြင်သစ် စွမ်းအင်ကုမ္မဏီ Total နှင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ အပါအဝင် ပြည်ပအခြေစိုက်ကုမ္ပဏီအချို့သည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်နေမှုမှ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ထိုင်း စွမ်းအင်ကုမ္မဏီဖြစ်သည့် PTTEP သည် မြန်မာရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတွင် လုပ်ငန်းများပါဝင်လုပ်ကိုင်မှုကို ရုပ်သိမ်းခြင်းမရှိဘဲ လက်ရှိအချိန်အထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။

Ref; upstreamonline

Leave a Reply

Your email address will not be published. Required fields are marked *