October 5, 2024

၈. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

ကမ္ဘာတစ်ဝန်းအလေးထားနေကြသည့် ဖြစ်ရပ်များနှင့် အလှမ်းကွာဝေးသည်ဟုဆိုရမည်ဖြစ်သော်လည်း ဆူဒန်နိုင်ငံအတွင်း ကျယ်ပြန့်လာသောစစ်ပွဲအခြေအနေက သန်းပေါင်းများစွာသောပြည်သူတို့ကို ဆူဒန်မြို့တော် ခါတွမ်မှသည် နိုင်ငံအနောက်ပိုင်း၊ ဒါဖာဒေသဆီသို့ နေရပ်စွန့်ခွာထွက်ပြေးမှုများ ပို၍အားကောင်းလာစေကာ ဆင်းရဲနွမ်းပါးလှသော ဆူဒန်နိုင်ငံအဖို့ ဒုက္ခသည်ဝန်ထုတ်ကြီးပိနေရကြောင်း သိရသည်။

ဆူဒန်နိုင်ငံအတွင်း ဧပြီလမှစတင်ခဲ့သော နောက်ဆုံးဖြစ်ပွားခဲ့သည့်စစ်ပွဲများ၌ လူခြောက်သန်းခန့် ပဋိပက္ခဖြစ်ပွားမှုများတွင် ပါဝင်ခဲ့ကာ ပြည်သူဆယ်သန်းခန့်မှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရကြောင်းလည်း သတင်းများက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-11-08_16-34-39-731x1024.jpg

သို့သော် အစိုးရများအပါအဝင် ကမ္ဘာ့နိုင်ငံများက ဆူဒန်နိုင်ငံအရေးကို မျက်စိမှိတ်နေကြကြောင်း ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။ ဆူဒန်တွင်စစ်ပွဲများစတင်ခဲ့ရခြင်းကလည်း ဧပြီလတွင် ကနေဒါနှင့်အခြားအနောက်နိုင်ငံနှစ်ခုက ၎င်းတို့နိုင်ငံသားများကို ကယ်ထုတ်ရန် လေယာဥ်များပို့ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နိုင်ငံသားများကို ကယ်တင်ပြီးနောက် အနောက်နိုင်ငံများက ဆူဒန်နိုင်ငံအပေါ်စိတ်မဝင်စားခဲ့ကြတော့ပေ။

နိုဝင်ဘာ ၇ ရက်သတင်းများအရ ထိုသို့ထွက်ပြေးလာကြသော အာဖရိကန်အရပ်သားပြည်သူ ၇၇၃ ဦးမှာ အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်ဂျန်ဂျာဝိအဖွဲ့၏ ဂျီနေနာနယ်မြေအတွင်း အစုလိုက်အပြုံလိုက် သ-တ်ဖြ-တ်မှုကိုခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့တွင် အမျိုးသမီးများနှင့် ကလေးများလည်း အများအပြားပါဝင်ခဲ့ကြသည်။

This image has an empty alt attribute; its file name is photo_2023-11-08_16-34-45-830x1024.jpg

ဂျန်ဂျာဝိဟု ခေါ်သောအဖွဲ့က ဆူဒန်နိုင်ငံသား အာရပ်မျိုးနွယ် ဂျီဟတ်အဖွဲ့တစ်ဖွဲ့ဖြစ်၍ ဟားမားစ်၊ ဟစ်ဘိုလာ အစ္စလာမ္မစ်အစွန်းရောက်များ၏ မဟာမိတ်လည်းဖြစ်ကာ ဒါဖာနယ်မြေအတွင်း အဓိကလှုပ်ရှားကြသည်။ ၎င်းတို့က နှစ်ပေါင်းများစွာပင် နယ်မြေအတွင်းရှိ အသားမဲအာဖရိကလူမျိုးများကို ဂျီဟတ်စစ်ပွဲဆင်နွှဲခဲ့ကြရာ အာရပ်မျိုးနွယ်လွှမ်းမိုးရေးကို ဦးတည်လှုပ်ရှားနေခြင်းဟု ယူဆရသည်။

Ref——Jihad Watch, Sarajevo Times

Leave a Reply

Your email address will not be published. Required fields are marked *