October 5, 2024

◾ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေမှုများကို လက်တုံ့ပြန်သွားမည်ဟု SAC ဥက္ကဋ္ဌ ပြောကြား

၈. ၁၁. ၂၀၂၃

Written by Nyein Kyaw

ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေမှုများအား အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသသောင်းကျန်းသူများအရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံမဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုအကြောင်း၊ ယခုကဲ့သို့ တိုင်းပြည် အရေးကြီးသည့် ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့် တာဝန်ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ အတိုင်းတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်းလည်း ယာယီသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *