October 6, 2024

၉. ၁၁. ၂၀၂၃

Written by Min Mahar

ပခုက္ကူမြို့လေယာဉ်ကွင်းအသစ်အနီးရှိ ပခုက္ကူ-ရေစကြိုသွားကားလမ်းမပေါ်တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးဒဏ်ရာရှိမှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြသ်စဉ်မှာ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီခန့်က မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပေါင်လောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ အရွယ်နှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတို့ ၂ ဦးသည် သုံးဘီး(အပြာရောင်) ဖြင့် ၎င်းတို့ကျေးရွာမှ ပခုက္ကူမြို့သို့ ပဲရောင်းရန်ထွက်ခွာလာစဉ် ပခုက္ကူမြို့ လေယာဉ်ကွင်းအသစ်အနီးရှိ ပခုက္ကူ-ရေစကြိုသွားကားလမ်းမပေါ် PDF များ ထောင် ထားသော လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦး မိုင်းစများမှန်သွားကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတွင် ဝဲဘက်ခြေသန်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေသူကြွယ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေဖမိုးဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အသက် ၂၁ နှစ်အရွယ်အမျိုးသားတွင်လည်း ဝဲဘက်မျက်ခမ်းစပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံးကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဒူးကိုပါဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား သုခကာရီလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဒဏ်ရာများရရှိအောင်နှင့် အများပြည်သူသွားကားလမ်းမပေါ်တွင် လက်လုပ်မိုင်းထောင်ထားကြသော PDF အဖွဲ့ဝင်များအား ပခုက္ကူမြို့မရဲစခန်းမှ (ပ)၂၃၉/၂၀၂၃၊ ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ ဖြင့် အမှုဖွင့်ထားပြီး မိုင်းထောင်သူများအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်း ရဲတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *