October 7, 2024

၉. ၁၁. ၂၀၂၃

Written by Nay Moe

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဒီပဲယင်းမြို့ရှိ စုပေါင်းဝန်ထမ်းအိမ်ရာဝင်းအတွင်းသို့ PDF များက Drop Bomb ချတိုက်ခိုက်သဖြင့် ကျောင်းသားကျောင်းသူ က​လေးငယ် ၁၀ ဦး ဒဏ်ရာရရှိ​ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ နိုဝင်ဘာ ၆ ရက်၊ ည​နေ ၆ နာရီအချိန်ခန့်က ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်၊ စုပေါင်းဝန်ထမ်းအိမ်ရာဝင်းအတွင်း ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ​ဆော့ကစားနေစဥ် မြို့ပြင်ဘက်မှ PDF က Drop Bomb ချ တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ဗုံးကျ​ရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါမြေကွက်လပ်တွင် ဆော့ကစားနေသည့် မောင်တင်ထူးအောင် (၁၀)နှစ် Grade 4 တွင် ဝဲလက်ဖျံ/ ယာလက်မ/ ယာပေါင် ဗုံးသီးစ ထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)၊ မောင်သော်ဇင်ခန့်(၁၁)နှစ် Grade 5 တွင် ယာခြေဖမိုး ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ရဲဇင်ထွန်း(၆)နှစ် KG တန်းတွင် ယာဒူး/ယာခြေဖနောင့် ဗုံးသီးစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ မောင်ကောင်းထက်မြတ်(၉)နှစ် Grade 3 တွင် ယာပေါင် ဗုံးသီးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ မယွန်းရတီမှုံ(၇)နှစ် Grade 1 တွင် ဝဲ/ယာခြေသလုံး ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မမေသူဆန်းမြင့် (၆)နှစ် KG တန်းတွင် နောက်ကျော ဗုံးသီးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ မအိန္ဒြေဇင်(၁၂)နှစ် Grade 5 တွင် ယာခြေထောက် ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မယွန်းမေသော်(၈)နှစ်တွင် ဝဲ/ယာပေါင်အသားစ ပွင့်ထွက် ဗုံးသီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မစုရတီလင်း (၈) နှစ်နှင့်မောင်မြင့်မြတ်အောင်သူ (၉) နှစ် အပါအဝင် စုစုပေါင်း ၁၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။

This image has an empty alt attribute; its file name is 398990955_635070492132355_7896269088729790470_n.jpg

အဆိုပါ ကလေးငယ် ဆယ်ဦးအနက် ၇ ဦးကို ဝန်ထမ်းအိမ်ရာတွင် ဆေးဝါးကုသပေးလျက်ရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးကို ​ဆေးရုံသို့ပို့​ဆောင်ကုသပေးနေ​ကြောင်း သိရပြီး လက်ရှိတွင် Drone Bomb ချ တိုက်ခိုက်သည့် PDF များကို လိုအပ်သည့် အရေးယူမှုပြုလုပ်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *