October 7, 2024

၉. ၁၁. ၂၀၂၃
Written by Pan Ei

ဖျားနာနေတဲ့ ကလေးတွေဆီ အလည်အပတ်လာရောက်တာဟာ နိုင်ငံရေးသမားတစ်ဦးအတွက် လိုအပ်တဲ့အရာဖြစ်ပြီး လူနာတွေကို ညင်ညင်သာသာပြောဖို့လိုအပ်သလို၊ ရောဂါရှိသူတွေအပေါ် စာနာစိတ်ရှိဖို့လည်းလိုပြီး အဓိက,ကတော့ အုပ်စိုးသူလိုပုံစံ ဖြစ်မနေစေဖို့ လိုအပ်ပါလိမ့်မယ်။

ခုလို အချက်တွေကြောင့် နိုင်ငံတွေမှာ ဩဇာညောင်းလှပါတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် အတွက်တော့ ရုရှားကလေးငယ်တွေရဲ့ ကင်ဆာဆေးရုံကို သွားရောက်လည်ပတ်ခဲ့တာဟာ ယူကရိန်းကို ထိုးစစ်ဆင်နေတာနဲ့ ခက်ခဲတာ တူညီနေခဲ့ပုံရပါတယ်။

ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ရဲရင့်တဲ့ကလေးငယ်တွေဟာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို လွယ်လွယ်ကူကူမဖြစ်စေခဲ့ပါဘူး။ Vadim လို့အမည်ရတဲ့ ကလေးငယ်တစ်ဦးဟာ အဖြူရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ထားခဲ့တဲ့ ပူတင် အခန်းထဲဝင်လာချိန်မှာတော့ စောင်အောက်ကို ဝင်ပုန်းသွားခဲ့ပြီး အမေဖြစ်သူက စောင်ကို ဆွဲချကာ ‘သူရှက်နေတာပဲ’ လို့ ဖာထေးပြောခဲ့ပေမဲ့ ကလေးကတော့ “မရှက်ဘူး”လို့ ဆိုကာ စောင်အောက်မှာပဲနေ,နေခဲ့ပါတယ်။ ဒါ့အပြင် ပူတင်က စကားလှမ်းပြောနေတာကို ကောင်လေးက စောင်အောက်မှာ ပြန်မဖြေနေခဲ့တာကြောင့် သူ့အမေက ကောင်လေးကို ဖုန်းနှစ်ရက်လောက် မသုံးရဘဲ နေမယ်လို့ ခြိမ်းခြောက်ပြီး စောင်ကိုဆွဲဖယ်ခဲ့ရတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_16-13-14.jpg

အဲ့ဒီနောက်မှာ မိန်းကလေးငယ်တွေ အခန်းကို လှည့်ပတ်ကြည့်ရှုခဲ့တဲ့ သမ္မတ ပူတင်ဟာ ကလေးငယ်တွေကို အရုပ်လက်ဆောင်လည်း ပေးခဲ့ပြီး ကလေးငယ်တွေရဲ့ ကုတင်ကြားမှာ သက်သောင့်သက်သာရှိတဲ့ပုံစံမျိုးနဲ့ ဒူးထောက်ကာ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဒူးထောက်နေတဲ့ ပူတင့်ပုံကိုတော့ ရှားရှားပါးပါးတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_16-13-21.jpg

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ကောလာဟလတွေ ထွက်ရှိအပြီးမှာ အခုလိုဆေးရုံကို လာရောက်ကြည့်ရှုစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူတင့်မှာ ကျန်းမာရေးမကောင်းလို့ တစ်စုံတစ်ယောက်က အစားထိုး အလုပ်လုပ်ပေးနေရတယ်၊ သူဟာ နှလုံးရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ်ပတ်လောက်က တယ်လီဂရမ်ချန်နယ်တစ်ခုကနေ သတင်းတွေ ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရကတော့ အဲ့ဒီသတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ ကောလာဟလတွေသာဖြစ်ပြီး ငါတို့မှာ ပူတင်တစ်ယောက်ပဲ ရှိတယ်လို့ သမ္မတပူတင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီး ပက်စ်ကော့ဗ်က ပြောကြားခဲ့ပါတယ်။

Ref; Metro

Leave a Reply

Your email address will not be published. Required fields are marked *