October 23, 2024

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်းပုံစံစာရွက်

၁၉.၁၁.၂၀၂၂

Written by A Thaung

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့်လာရောက်လျှောက်ထားရာတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါလျှောက်ထားသူများအား နစကအစိုးရလက်ထက်တွင် ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် လာရောက်လျှောက်ထားသူများလည်းရှိနေကြောင်း ၎င်းကပြောသည်။

“လျှောက်ထားတာကတော့ လျှောက်ထားတာပေါ့ဗျာ။ နောက်ပြီးတော့ ပဲခူးနဲ့ဧရာဝတီတိုင်းပေါ့။ လယ်ယာမြေဥပဒေ ၃၀(က) အရ အခြားနည်းသုံးစွဲခွင့်ကို ဗဟိုစီမံအနေနဲ့ အခြားနည်းခွင့်ပြုမပေးပါဘူး” ဟု ၎င်းကပြောသည်။

အခြားနည်းသုံးစွဲခွင့်လျောက်ထားသူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီးအဆင့်မှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြထားကြောင်း သိရသည်။ လယ်ယာမြေ ဥပဒေပုဒ်မ ၂၉/၃၀ (က)/၃၀(ခ)အရ လယ်ယာမြေများအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားခွင့်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *